ပြည်တွင်းစက်သုံးဆီစျေးနှုန်း သုံးရက်အတွင်း ကျပ် ၂၀၀၀ အောက် တွင်သာရှိနေ

0
192

ပြည်တွင်းစက်သုံးဆီစျေးနှုန်း သုံးရက်အတွင်း ကျပ် ၂၀၀၀ အောက် တွင်သာရှိနေ

ပြည်တွင်းစက်သုံးဆီစျေးနှုန်းများမှာ ဇူလိုင် ၇ ရက်မှစတင်၍ ယနေ့ ဇူလိုင်၉ ရက်နေ့အထိ သုံးရက်အတွင်း တစ်လီတာလျှင် ကျပ် ၂၀၀၀ အောက်တွင်သာ ဆက်လက်ရှိနေကြောင်း သိရသည်။

သို့သော် ဇူလိုင် ၇ရက်နှင့် ၈ ရက်ထက် ယနေ့ဇူလိုင် ၉ရက်တွင် စက်သုံးဆီစျေးနှုန်းမှာ ကျပ် ၄၀ ဝန်းကျင်အထိ အနည်းငယ်ပြန်လည်တက်လာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ထုတ်ပြန်ချက်အရသိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီက အများပြည်သူဝယ်ယူနိုင်မည့် လက်လီစျေးနှုန်းများကို နေ့စဥ် ထုတ်ပြန်ပေးလျက်ရှိသည်။

ယနေ့ ဇူလိုင်၉ ရက်တွင် ရန်ကုန်မြို့၌ 92Ron တစ်လီတာလျှင် ၁၈၈၀ကျပ်၊ 95 Ron တစ်လီတာလျှင် ၁၉၅၅ ကျပ် ၊ HSD (500pm) တစ်လီတာလျှင်၂၂၄၀ကျပ်၊ HSD (50 ppm)တစ်လီတာလျှင် ၂၃၀၀ကျပ်၊ HSD(10ppm)တစ်လီတာလျှင် ၂၃၀၀ကျပ်အထိ အနည်းငယ် ပြန်လည်မြင့်တက်လာသည်။
အလားတူ မန္တလေးမြို့တွင် 92Ron တစ်လီတာလျှင် ၁၉၂၅ကျပ်၊ 95Ron တစ်လီတာလျှင် ၂၀၀၀ကျပ်၊ HSD( 500 ppm) တစ်လီတာလျှင် ၂၂၉၀၊ HSD(50 ppm)တစ်လီတာလျှင်၂၃၄၅ကျပ်၊ HSD( 10 ppm)တစ်လီတာလျှင်၂၃၄၅ ကျပ် ဖြစ်သည်။

ထို့အပြင် ပြည်ထောင်နယ်မြေ နေပြည်တော်တွင် 92Ron တစ်လီတာလျှင် ၁၉၂၀ကျပ်၊ 95Ron တစ်လီတာလျှင် ၁၉၉၅ ကျပ် HSD (500ppm)တစ်လီတာလျှင် ၂၂၈၅ကျပ်၊ HSD(HSD 50ppm)တစ်လီတာလျှင်၂၃၄၀ကျပ်၊ HSD(HSD 10ppm)တစ်လီတာလျှင် ၂၃၄၀ကျပ် ရှိနေသည်။

ထို့ကြောင့် ယခင်ရက်များထက် ပြည်တွင်းစက်သုံးဆီစျေးနှုန်းမှာ ကျပ် ၄၀ဝန်းကျင်အထိ အနည်းငယ်မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး၊ သုံးစွဲသူမိဘပြည်သူများအနေဖြင့် စက်သုံးဆီဝယ်ယူသုံးစွဲရာတွင်ကျေနပ်မှုမရှိပါကကော်မတီထံ သတင်းပေးတိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here