လောင်းလုံမြို့နယ်က ရွာတစ်ရွာတွင် ပစ်ခတ်မှုဖြစ်ပွားပြီး (၇) နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး

0
157

လောင်းလုံမြို့နယ်က ရွာတစ်ရွာတွင် ပစ်ခတ်မှုဖြစ်ပွားပြီး (၇) နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး

တနင်္သာရီတိုင်း ဒေသကြီး ၊ လောင်းလုံမြို့နယ် ၊ ဝေဒီ ကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ပစ်ခတ်မှုကြောင့် အသက်(၇) နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇူလိုင်လ (၉) ရက် ညပိုင်းက ဝေဒီကျေးရွာမှ နေအိမ်တစ် လုံးသို့ လက်နက်ကိုင်အဖွဲ့များက ဝင်ရောက်ကာ ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ယင်းပစ်ခတ်မှုကြောင့် (၇) နှစ်အရွယ် က လေးငယ်နှင့် အိမ်ရှင်အမျိုးသမီးတို့ သေနတ်ထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း ထားဝယ်ခရိုင်သပိတ်ကော်မတီက ထုတ်ပြန်ထားသည်။

ဝေဒီရွာနေ ဦးကျော်ဟိန်းဆိုသူအား ဝင်ရောက်ပစ်ခတ်ခြင်း ဖြစ်သော်လည်း ဦးကျော်ဟိန်းမှာ ထွက်ပြေးလွတ် မြောက်သွားသည့်အတွက် နေအိမ်တွင် ကျန်နေခဲ့သည့် ဦးကျော်ဟိန်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူသန်းနှင့် တူမဖြစ်သူ မငုဝါနိုးတို့ကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ဆုံးသွားတဲ့ ကလေးမလေးက မဖြူသန်းရဲ့ တူမလေးပါ။ ဆေးရုံ ပို့မရတော့ အိမ်မှာပဲ ဆုံးသွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူမငုဝါနိုး၏ မိဘများသည် ရွာမှ တိမ်းရှောင်နေရသူများ ဖြစ်ပြီး သမီးဖြစ်သူအား အဒေါ်တော်စပ်သူ၏ နေအိမ်၌ ထားခဲ့ရာမှ ယခုလို ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။

ဓာတ်ပုံ – ထားဝယ်ခရိုင်သပိတ်ကော်မတီ


LEAVE A REPLY

Please enter your comment!
Please enter your name here