မြန်မာနိုင်ငံရှိ မျက်မမြင်အမျိုးသမီးများအား ပံ့ပိူးကူညီရန် ပြည်ပအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်သွားမည်

0
148

မြန်မာနိုင်ငံရှိ မျက်မမြင်အမျိုးသမီးများအား ပံ့ပိူးကူညီရန် ပြည်ပအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်သွားမည်

မြန်မာနိုင်ငံရှိ မျက်မမြင်အမျိုးသမီးများအား ပံ့ ပိုးကူညီပေးသွားရန် မဟာဗျူဟာလုပ်ငန်းစီမံချက်များနှင့်အညီ ပြည်ပအဖွဲ့အစည်းများနှင့်ပူး ပေါင်းဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံမျက်မ မြင်များအသင်းမှ သိရသည်။

မြန်မာနိုင်ငံမျက်မမြင်များအသင်းသည် အမြင်အာရုံမသန်စွမ်းသည့်အမျိုးသမီးများ အပါအဝင် အမျိုးသမီးများအားလုံးအတွက် နေချင်စဖွယ်ကောင်း၍ အားလုံးအကျုံးဝင်ပါဝင်နိုင်သည့် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်ဖြစ်ထွန်းလာ ရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် အမြင်အာရုံမသန်စွမ်းသည့် အမျိုးသမီးများအတွက်လိုအပ်သည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များနှင့်ပညာသင်ယူခွင့်သေချာစေ ရေး၊လူမှုဘဝနယ်ပယ်အသီးသီးတွင် အခြားနိုင်ငံ သားများနည်းတူ ပါဝင်ဆောင်ရွက်နိုင်ခွင့်များတိုး မြင့်ရရှိနိုင်ရေးတို့အတွက် ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ကြောင့် ပြည်တွင်းရှိမျက်မမြင်အမျိုးသမီးများအတွက်ပံ့ပိုးကူညီခြင်း၊နိုင်ငံတကာအဖွဲ့အ စည်းများ၊အရပ်ဖက်လူမှုဖွံ့ဖြိုးရေးအဖွဲ့အစည်းများ၊မိတ်ဖက်အသင်းအဖွဲ့များနှင့်ပူးပေါင်း ဆောင်ရွက်ခြင်းများအား ပြုလုပ်သွားရန် စီစဥ်လျက်ရှိခြင်းဖြစ်သည်။

အလားတူ မြန်မာနိုင်ငံမျက်မမြင်များအသင်းမှ ဗ ဟိုအမှုဆောင်များ၊ဝန်ထမ်းများနှင့်အသင်းသူ၊အ သင်းသားများကလည်း ကျရာကဏ္ဍမှဆောင် ရွက်လျက်ရှိကာ ပူးပေါင်းဆောင်ရွက်လိုသည့် အ ဖွဲ့အစည်းများအား ဖိတ်ခေါ်လျက်ရှိသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here