မော်လမြိုင်ကျွန်းမြို့တွင် ငါးဖမ်းပိုက်အတွင်းမှ အလျား ၄ ပေရှိ မိချောင်းငယ်တစ်ကောင်ဖမ်းမိ

0
212

မော်လမြိုင်ကျွန်းမြို့တွင် ငါးဖမ်းပိုက်အတွင်းမှ အလျား ၄ ပေရှိ မိချောင်းငယ်တစ်ကောင်ဖမ်းမိ

ဧရာဝတီတိုင်း၊မော်လမြိုင်ကျွန်းမြို့၊ရာဇူဒိုင်မြစ် ကမ်းဘေးရှိ ချောင်းအတွင်းမှ ဇူလိုင် ၈ ရက်ညနေ ၄ နာရီကျော်ခန့်တွင် ငါးဖမ်းနေသည့်ရေလုပ်သားများက ငါးဖမ်းပိုက်အတွင်းမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့၊အမှတ်(၁၀)ရပ်ကွက်၊ယမုံနာလမ်းနေ ရေလုပ်သား ၄ ဦးသည် ချောင်းအ တွင်း၌ငါးဖမ်းပိုက်ဖြင့် ငါးဖမ်းနေစဥ် ပိုက်အားကမ်းစပ်သို့ဆွဲတင်ရာ ငါးဖမ်းပိုက်အတွင်းမှတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် မိချောင်းငယ်အား ပြန်လွှတ်ပေးရန်ပြုလုပ်ရာ မိချောင်းငယ်၏ ခြေသည်း၊လက်သည်းများမှာ ငါးဖမ်းပိုက်ကြိုးများဖြင့်ငြိနေသဖြင့် ဖြုတ်ပေးရန်ပြုလုပ်စဥ် မိချောင်းငယ်မှပြန်ကိုက်သဖြင့် နေအိမ်သို့သယ်လာပြီးနောက် ကျေးရွာတာဝန်ရှိသူများထံ ဆက်သွယ်အကြောင်းကြားခဲ့ကြသည်။

ထို့ကြောင့် ကျေးရွာတာဝန်ရှိသူများမှ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ထံ ထပ်မံအသိပေးအကြောင်း ကြားခဲ့သဖြင့် တာဝန်ရှိသူများနှင့်အတူ မြို့နယ်သစ်တောဌာနမှ တာဝန်ရှိသူများက မိချောင်းအားတိုင်းတာရာ အလျား ၄ ပေခန့်ရှိသည့် မိကျောင်းငယ်တစ်ကောင်ဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။

ထို့နောင် မိချောင်းငယ်အား တာဝန်ရှိသူများက မော်လမြိုင်ကျွန်းမြို့၏ အနောက်ဘက်ရှိ ရေချိုရေငန်စပ်ဖြစ်သည့် သစ်တောကြိုးဝိုင်းအနီး မြစ်အတွင်းသို့ ည ၆ နာရီခန့်တွင်ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

Photo-ထွန်းထွန်းနိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here