RCSS/SSA ဌာနချုပ် လွိုင်တိုင်းလျန်း ဆေးရုံဝန်းတဝိုက် မိုးကြီးတောင်ကျရေကြောင့် ဆေးဘက်ဆိုင်ရာဝန်ထမ်း ၂ ဦးအပါအဝင် ၄ ဦး သေဆုံးဟုဆို

0
109

RCSS/SSA ဌာနချုပ် လွိုင်တိုင်းလျန်း ဆေးရုံဝန်းတဝိုက် မိုးကြီးတောင်ကျရေကြောင့် ဆေးဘက်ဆိုင်ရာဝန်ထမ်း ၂ ဦးအပါအဝင် ၄ ဦး သေဆုံးဟုဆို

RCSS/SSA ဌာနချုပ် လွိုင်တိုင်းလျန်း ဆေးရုံဝန်းတဝိုက် မိုးကြီးတောင်ကျရေကြောင့် ယနေ့ ဇူလိုင်၁၀ ရက်တွင်ဆေးဘက်ဆိုင်ရာဝန်ထမ်း ၂ ဦးအပါအဝင် ၄ ဦး သေဆုံးဟု ယင်း ဒေသတွင်းရှိ Hsan Loi Voice Page က ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဥ်သည် ဇူလိူင်လ ၁၀ ရက်၊ နံနက် မိုးမလင်းမီ ၂း၀၀ နာရီဝန်းကျင်အချိန်ခန့်က တောင်ကျရေများ အရှိန်အဟုန်ဖြင့် စီးဆင်းလာမှုကြောင့် လွိုင်တိုင်းလျန်း ဆေးရုံဆေးပေးခန်းတဝိုက်နေ လူနှင့် အဆောက်အဦးအချို့ ရေထဲမျောပါပျောက်ဆုံး ပျက်စီးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းဖြစ်စဥ်ကြောင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်း ၂ ဦးနှင့် အခြား ၂ ဦးအနက် တစ်ဦးမှာသက်ကြီးပိုင်းအမျိုးသမီးဖြစ်သည်ဟုသတင်းရရှိထားပြီး၊ ပျက်စီးဆုံးရူံးမှုနှင့် သေပျောက်မှုစာရင်းကို ဆက်လက်ရှာဖွေနေကြဆဲဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ Hsan Loi Voice


LEAVE A REPLY

Please enter your comment!
Please enter your name here