မုတ်သုံလေအားကောင်းနေ၍ ရန်ကုန်တိုင်းအပါ အဝင် တိုင်းနှင့်ပြည်နယ်အသီးသီး၌ မိုးသည်းထန်စွာဆက်လက်ရွာသွန်းနိုင်ဟု မိုးဇလထုတ်ပြန်

0
303

မုတ်သုံလေအားကောင်းနေ၍ ရန်ကုန်တိုင်းအပါ အဝင် တိုင်းနှင့်ပြည်နယ်အသီးသီး၌ မိုးသည်းထန်စွာဆက်လက်ရွာသွန်းနိုင်ဟု မိုးဇလထုတ်ပြန်

ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနေသဖြင့် ရန်ကုန် တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီး၌ မိုး သည်းထန်စွာဆက်လက်ရွာသွန်းနိုင်သည်ဟု မြန် မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇူလိုင် ၁၀ ရက်(ယနေ့)မွန်းလွဲ ၂ နာရီကထုတ်ပြန်ခဲ့သည်။

မိုးဇလ၏ ဇူလိုင် ၁၁ ရက်(မနက်ဖြန်)နံနက်ပိုင်းအ ထိ ခန့်မှန်းချက်အရ ရန်ကုန်မြို့နှင့်အနီးတဝိုက်တွင် ရွာရန်ရွာနှုန်းပြည့် မိုးတစ်ကြိမ်၊နှစ်ကြိမ်ထစ် ချုန်းရွာမည်ဟု သိရသည်။

နေပြည်တော်နှင့်မန္တလေးတိုင်းတို့၏ အနီးတဝိုက်တွင်လည်း ရွာရန်ရွာနှုန်းပြည့်ဖြင့် နေရာကွက် ကျားမိုးထစ်ချုန်းရွာမည်ဟု မိုးဇလမှခန့်မှန်းထား သည်။

အလားတူ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊မကွေး တိုင်းနှင့်ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊စစ် ကိုင်းတိုင်း(အထက်ပိုင်း)နှင့်ကယားပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့်ကျန်တိုင်းနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာမည်ဟု မိုးဇလမှခန့်မှန်းထားသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ရခိုင်ပြည်နယ်နှင့်မွန်ပြည် နယ်တို့တွင် ဒေသအလိုက်နှင့်စစ်ကိုင်းတိုင်း(အ ထက်ပိုင်း)၊ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊ကချင် ပြည်နယ်နှင့်ကရင်ပြည်နယ်တို့တွင်နေရာကွက်၍ ရွာရန်ရွာနှုန်းပြည့် မိုးကြီးနိုင်ကြောင်း မိုးဇလမှခန့်မှန်းထားသည်။

ထို့အတူ မိုးဇလ၏ နောက် ၂ ရက်အတွက်ခန့်မှန်း ချက်အရ ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊တနင်္သာရီတိုင်း၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် ဆက်လက်၍မိုးပိုမိုရွာသွန်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here