တောင်အာဖရိကတွင် စားသောက်ဆိုင်ထဲဝင်ရောက်ပစ်ခတ်မှုကြောင့် ဆယ့်လေးဦးသေဆုံး

0
228

တောင်အာဖရိကတွင် စားသောက်ဆိုင်ထဲဝင်ရောက်ပစ်ခတ်မှုကြောင့် ဆယ့်လေးဦးသေဆုံး

ဂျိုဟန်းနစ်ဇဘတ်၊ဇူလိုင် ၁၀

ဂျိုဟန်းနစ်ဇဘတ်၏ Soweto မြို့နယ်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အစုလိုက်အပြုံလိုက် ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၄ ဦးသေဆုံးပြီး ၃ ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဇူလိုင် ၉ ရက်စနေနေ့ညပိုင်းတွင် မီနီဘတ်စ်ကားဖြင့်လက်နက်ကိုင်လူတစ်စုရောက်လာကာ ဆိုင်ထဲရှိဧည့်သည်များကိုပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အကြောင်းရင်းကိုမူမသိရသေးကြောင်း ရဲတပ်ဖွဲ့က​ပြောသည်။ဒဏ်ရာပြင်းထန်သူသုံးဦးနှင့် ဒဏ်ရာရအခြားလူနာတစ်ဦးတို့ကိုလည်း ဆေးရုံသို့ပို့ဆောင်ပေးထားသည်ဟုသိရသည်။

အခင်းဖြစ်နေရာရှိ ပြန့်ကျဲနေသောကျည်ခွံများအရ ဆိုင်ရှိဧည့်သည်များကိုပစ်ခတ်မှုသည် တစ်ဦးတည်းမဟုတ်ပဲ အုပ်စုလိုက်ဖြစ်သည်ဟု Gauteng ဒေသ ရဲမင်းကြီး Elias Mawela ကဆိုသည်။

“ဒီကျည်ဆံ‌တွေအနေအထားအရအရည်သွေးမြင့် သေနတ်ကိုအသုံးပြုပြီး တရစပ် ရမ်းပြီးပစ်ခတ်ခဲ့တာကိုမြင်နိုင်ပါတယ်” ဟုလည်း Mawela က အေပီသို့ပြောကြားခဲ့သည်။

ကနဦးစစ်ဆေးချက်အရ အပစ်ခံရသူ​တွေဟာ ဒီစား​သောက်ဆိုင်မှာ ပုံမှန်လာ​နေကျ ​ဖောက်သည်​တွေဖြစ်​ကြောင်းသိရသည်။

Source – AP/aj


LEAVE A REPLY

Please enter your comment!
Please enter your name here