ရှင်ဇိုအာဘေး ဆုံးပါးသွားခြင်းအတွက် ဂါရဝပြုရန် တိုကျိုမြို့သို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရောက်ရှိ

0
245

ရှင်ဇိုအာဘေး ဆုံးပါးသွားခြင်းအတွက် ဂါရဝပြုရန် တိုကျိုမြို့သို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရောက်ရှိ

တိုကျို၊ ဇူလိုင် ၁၁ ရက်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်သည် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံခံရမှုနှင့် ပတ်သက်၍ လူကိုယ်တိုင် ဂါရဝပြု ဝမ်းနည်းကြောင်း ပြောကြားရန် ဇူလိုင်လ ၁၁ ရက် တနင်္လာနေ့၌ တိုကျိုမြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

အမေရိကန် ထိပ်တန်း သံတမန် ဘလင်ကန်သည် ယိုကိုတာ စစ်အခြေစိုက်စခန်းသို့ လေယာဉ်ဖြင့် ဆင်းသက်ခဲ့ပြီး တိုကျိုမြို့တော်သို့ သွားရောက်ကာ ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါနှင့်တွေ့ဆုံ၍ ရှင်ဇိုအာဘေး ဆုံးပါးသွားမှုအတွက် ဝမ်းနည်းကြောင်း ပြောကြားသွားမည်ဖြစ်သည်။

ဘလင်ကန်သည် အရှေ့တောင်အာရှသို့ အလည်အပတ်ရောက်ရှိစဉ် တိုကျိုမြိုသို့ ဝင်ရောက်၍ ဂါရဝပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

တနင်္ဂနွေနေ့၌ ထိုင်းနိုင်ငံသို့ ဆွေးနွေးရန် ရောက်ရှိစဉ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဘလင်ကန်နှင့်အတူ အာဘေးဆုံးပါးသွားခြင်းအတွက် ဝမ်းနည်းကြောင်းပြသသည့်အနေဖြင့် ဆွေးနွေးပွဲအဖွင့်ကို ခတ္တခဏ ငြိမ်သက်၍ စတင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲအတွင်း ဘလင်ကန်က အာဘေး၏မိသားစုနှင့် မိတ်ဆွေများအပါအဝင် တစ်ကမ္ဘာလုံးကပါ အာဘေးဆုံးပါးသွားခြင်းအတွက် အံ့ဩထိတ်လန့်နေဆဲ ဖြစ်သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးအား ပြောကြားခဲ့သည်။

အာဘေးသည် ဂျပန်ဝန်ကြီးချုပ်အဖြစ် သက်တမ်းအရှည်ဆုံး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သလို အမေရိကန်နိုင်ငံနှင့် ခိုင်မာသော ကာကွယ်ရေး ထားရှိရန်နှင့် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်လာရန် ထောက်ခံအားပေးခဲ့သူ ဖြစ်ကြောင်း သိရသည်။

Source: CNA

 


LEAVE A REPLY

Please enter your comment!
Please enter your name here