အိုမီခရွန်မျိုးကွဲသစ်တစ်ခု ရှန်ဟိုင်းတွင်ထပ်မံတွေ့ရှိ

0
203

အိုမီခရွန်မျိုးကွဲသစ်တစ်ခု ရှန်ဟိုင်းတွင်ထပ်မံတွေ့ရှိ

ရှန်ဟိုင်း၊ဇူလိုင် ၁၀

ရှန်ဟိုင်းမြို့၌ အိုမီခရွန်အမျိုးအစားသစ် BA.5.2.1 ပါ၀င်သော COVID-19 ရောဂါဖြစ်ပွားမှုကို တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက တနင်္ဂနွေ (ဇူလိုင် ၁၀ ရက်) ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။တရုတ်နိုင်ငံသည် ၎င်း၏ “Zero – COVID” မူဝါဒကို လိုက်နာရန်ကြိုးပမ်းနေစဉ်မှာပင် အသစ်အသစ်သော မျိုးစိတ်များ၏ရှုပ်‌ထွေးမှုဒဏ်ကိုရင်ဆိုင်နေရကြောင်း ယခုအချက်ကပြသနေသည်။

ဇူလိုင်လ ၈ ရက်နေ့က ဘဏ္ဍာရေးခရိုင်တစ်ခုဖြစ်သော Pudong တွင်တွေ့ရှိခဲ့သော လူနာသည် ပြည်ပလူနာတစ်ဦးနှင့်ဆက်စပ်နေသည်ဟု မြို့တော်ကျန်းမာရေးကော်မရှင်၏ ဒုတိယညွှန်ကြားရေးမှူး Zhao Dandan ကပြောကြားခဲ့သည်။

တရုတ်နိုင်ငံအရှေ့ပိုင်းရှိ ရှန်ဟိုင်းမြို့သည် ဇွန်လအစတွင် နှစ်လခန့်လော့ခ်ဒေါင်းချထားရာမှ ပြန်လည်အသက်ဝင်လာသော်လည်း ရောဂါကူးစက်နိုင်ချေရှိသော အခြေအနေများ ဖြစ်ပေါ်လာသည်နှင့်အမျှ အဆောက်အအုံများကို ပြန်လည်ပိတ်ဆို့ကန့်သတ်မှုများ ဆက်လက်ပြုလုပ်ထားသည်။

“ကျွန်‌တော်တို့မြို့မှာ မကြာသေးခင်ကပဲ ဒေသတွင်းကူးစက်ခံရသူတွေစာရင်းကိုတင်ပြခဲ့ပါတယ်၊ လူ့အဖွဲ့အစည်းကတစ်ဆင့် ကူးစက်ပျံ့နှံ့မှုအန္တရာယ်ကလည်းမြင့်နေဆဲဖြစ်ပါတယ်” ဟု ရှန်ဟိုင်းကျန်းမာရေးကော်မရှင်မှ Zhao က သတိပေးခဲ့သည်။

ရှန်ဟိုင်းရှိခရိုင်အများအပြားတွင် နေထိုင်သူများသည် ဇူလိုင် ၁၂ ရက်မှ ၁၄ ရက်အထိ နောက်ထပ်ဖြစ်လာနိုင်ချေရှိသောရောဂါအသစ်များကို ထိန်းချုပ်နိုင်စေရန်ရည်ရွယ်၍ COVID-19 စမ်းသပ်မှု နှစ်ကြိမ်ပြုလုပ်ရမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

အခြားနိုင်ငံများ၌ COVID-19 ကူးစက်မှုလှိုင်းသစ်ကိုဖြစ်ပေါ်စေသည့် အိုမီခရွန် BA.5 မျိုးကွဲကို ယူဂန်ဒါမှရှန်ဟိုင်းမြို့သို့ပြန်လာသည့် အသက် ၃၇ နှစ်အရွယ် အမျိုးသားလူနာတစ်ဦးတွင် မေလ ၁၃ ရက်က စတင်တွေ့ရှိခဲ့ကြောင်းတရုတ်နိုင်ငံ၏ ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ (CDC) ကပြောကြားခဲ့သည်။

အိုမီခရွန် BA.5 မျိုးကွဲသည် ကူးစက်နှုန်းများပြီး ကိုယ်ခံအားကိုတွန်းလှန်နိုင်သည်ဟု မြို့တော် COVID 19 တားဆီးကာကွယ်ရေးအကြံပေးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Yuan Zhengan က တနင်္ဂနွေနေ့ကဆိုသည်။သို့သော် ကာကွယ်ဆေးထိုးနှံခြင်းသည် BA.5 ကြောင့်ဖြစ်သောဖျားနာမှုနှင့်သေဆုံးမှုများအတွက်တော့ ကာကွယ်နိုင်သည်ဟု၎င်းကထပ်မံပြောကြားခဲ့သည်။

Source – Reuters/ng


LEAVE A REPLY

Please enter your comment!
Please enter your name here