ကျိုင်းတုံ-တောင်ကြီးသွားကားလမ်း၌ ကိုယ်ပိုင် ကားတစ်စီးတိမ်းမှောက် ၁၅ ဦးဒဏ်ရာရ

0
269

ကျိုင်းတုံ-တောင်ကြီးသွားကားလမ်း၌ ကိုယ်ပိုင် ကားတစ်စီးတိမ်းမှောက် ၁၅ ဦးဒဏ်ရာရ

ရှမ်းပြည်နယ်ရှိ ကျိုင်းတုံ-တောင်ကြီးသွားကားလမ်း၏ ကျိုင်းဖောင်းကျေးရွာအနီးတွင် ဇူလိုင် ၁၁ ရက်(ယနေ့)နံနက်ပိုင်းက ကိုယ်ပိုင်ကားတစ်စီးတိမ်းမှောက်ခဲ့သဖြင့် ၁၅ ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း တိုင်းနေနာရေးကူညီမှုအသင်းမှ သိရသည်။

ယနေ့နံနက် ၆ နာရီခွဲခန့်က ကျိုင်းတုံ-တောင်ကြီးသွားကားလမ်းအတိုင်း မောင်းနှင်လာသည့် Vigo ကားသည် ကျိုင်းဖောင်းကျေးရွာအနီးရှိ လမ်းကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကားကအရှိန်ပါတယ်နဲ့တူတယ် ကွေ့ကိုအရှိန်နဲ့ကွေ့လိုက်တော့လမ်းချော်ပြီး မှောက်သွားတာပါ စိုးရိမ်ရဒဏ်ရာရတဲ့လူတော့ မရှိပါဘူး”ဟု တိုင်းနေနာရေးကူညီမှုအသင်းဝင်တစ်ဦးကပြောသည်။

ကားမှောက်မှုကြောင့် လိုက်ပါလာသူများအနက် ၁၅ ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် တိုင်းနေနာရေးကူညီမှုအသင်းဝင်များမှ ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-တိုင်းနေနာရေးကူညီမှုအသင်း

 


LEAVE A REPLY

Please enter your comment!
Please enter your name here