ကန်သမ္မတကအနောက်အာရှခရီးစဉ်မှ တရုတ်နှင့်ရုရှားအားတုန့်ပြန်နိုင်ရန်ကြိုးပမ်းမည်ဟုဆို

0
125

ကန်သမ္မတကအနောက်အာရှခရီးစဉ်မှ တရုတ်နှင့်ရုရှားအားတုန့်ပြန်နိုင်ရန်ကြိုးပမ်းမည်ဟုဆို

ဝါရှင်တန်၊ဇူလိုင် ၁၀
လာမည့်သီတင်းပတ်ထဲတွင် ကန်သမ္မတဂျိုးဘိုင်ဒင်သည် ဆော်ဒီအာရေဗျသို့သွားရောက်မည်ဟုသိရှိရသည်။အဆိုပါခရီးစဉ်သည် ဆော်ဒီနှင့်မဟာဗျူဟာမိတ်ဖက်ချဲ့ထွင်ရန် ဖြစ်သည်ဟုသမ္မတကစနေနေ့၌ပြောသည်။သို့သော်လည်း အမေရိကန်၏ အခြေခံတန်ဖိုးများနှင့်အညီသာ ယခုခရီးကိုစီစဉ်ထားကြောင်း ၎င်းကအာမခံခဲ့သည်။

ဇူလိုင် ၁၃ ရက်မှ ၁၆ ရက်နေ့အထိ အနောက်အာရှသို့၎င်း၏ခရီးစဉ်တွင် အစ္စရေးနှင့် West Bank သို့ပါသွားရောက်မည်ဖြစ်ပြီး အမေရိကန်၏ ထိတွေ့ဆက်ဆံမှုအလားအလာအသစ်နှင့် ပိုမိုအားကောင်းသောအခန်းကဏ္ဍကိုအ‌ရှေ့အလယ်ပိုင်းတွင်စတင်မည်ဖြစ်သည်။ဆော်ဒီ၌ရှိနေစဉ် ဘိုင်ဒင်အနေဖြင့် ၎င်းနိုင်ငံရှိငွေကြေးဖောင်းပွမှုနှင့် တဟုန်ထိုးတက်လာသောလောင်စာဆီဈေးနှုန်းကို ထိန်းချုပ်နိုင်ရန် ဆော်ဒီရေနံထွက်ရှိမှုကိုတွန်းအားပေးနိုင်ချေရှိသည်။

ယခုကန်သမ္မတ၏ခရီးစဉ်သည် အမေရိကန်အနေဖြင့် ဆော်ဒီအပေါ်သဘောထားအမြင်ပြောင်းလဲလာပုံကိုလည်းအထင်အရှားပြသလျက်ရှိသည်။ဘိုင်ဒင်က ၎င်း၏ဆောင်းပါးတစ်ခုတွင် “သမ္မတတစ်ယောက်အနေနဲ့ တိုင်းပြည်တောင့်တင်းခိုင်မာအောင်လုပ်ဖို့က ကျွန်တော့်တာဝန်ပါပဲ” ဟုရေးသားခဲ့သည်။

“ရုရှားရဲ့ရန်လိုမှုကို တုန့်ပြန်ဖို့၊ တရုတ်နဲ့ယှဉ်ရင် ဖြစ်နိုင်ခြေအကောင်းဆုံးအနေအထားမှာရပ်တည်ပြီး ကမ္ဘာရဲ့အရေးပါအရာရောက်တဲ့ဒေသမှာ ပိုမိုတည်ငြိမ်အေးချမ်းရေးအတွက် လုပ်ဆောင်သွားရပါမယ်” ဟုလည်း ၎င်းကဆက်လက်ပြောသည်။

“ဒါတွေကို လုပ်နိုင်ဖို့၊အဲဒီရလဒ် တွေအပေါ် သက်ရောက်မှုရှိတဲ့ နိုင်ငံတွေနဲ့တိုက်ရိုက်ထိတွေ့ဆက်ဆံရမှာဖြစ်ပါတယ်” ဟုလည်းဆိုခဲ့သည်။

Source – Wio News


LEAVE A REPLY

Please enter your comment!
Please enter your name here