မန္တလေးတွင် ယနေ့နေ့လယ်ပိုင်း ဓါးပြတိုက် လူသတ်မှုနှင့် အနုကြမ်းစီးမှု (၂)ခု ဖြစ်ပွား

0
195

မန္တလေးတွင် ယနေ့နေ့လယ်ပိုင်း ဓါးပြတိုက် လူသတ်မှုနှင့် အနုကြမ်းစီးမှု (၂)ခု ဖြစ်ပွား

မန္တလေးမြို့တွင် ယနေ့ ဇူလိုင်လ (၁၁) ရက် နေ့လယ်ပိုင်းတွင် နေအိမ်အတွင်းဝင်ရောက်ကာ ဓားပြတိုက် ၊ လူသတ် မှုနှင့် အနုကြမ်းစီးမှု (၂) ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် (၃၁) လမ်း၊ (၃၂)လမ်းကြား ၊ ၈၅(A)လမ်းရှိ စိန်ကျော်မိုး စိန်သန့်စင်လုပ်ငန်း နေအိမ်သို့ ယနေ့ နေ့လယ် (၁) နာရီ ဝန်း ကျင်က အမည်မသိလူတစ်စုမှ ဝင်ရောက်ကာ အနုကြမ်း စီးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။

” (၁၂) ခွဲ (၁) နာရီ လောက်က ဖြစ်သွားတာ။ အခုတော့ (၃) ယောက်လုံး ဖမ်းမိတယ်လို့ ကြားတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံသတင်းရင်းမြစ်က ပြောသည်။

အနုကြမ်းမှု ဖြစ်ပွားခဲ့သည့် အနီးပတ်ဝန်းကျင်နေရာကို သက်ဆိုင်ရာက ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ကျူးလွန်သူ (၃) ဦးအား လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီး ၊ လမ်း (၅၀) နှင့် မနော်ဟရီလမ်းထောင့်ရှိ နေအိမ်တစ်အိမ်တွင်လည်း ဓါးပြ တိုက်ကာ အိမ်ရှင်အမျိုးသမီးအား သတ်ဖြတ်သွားသည့် ဖြစ် စဉ်တစ်ခု ယနေ့ ဇူလိုင်လ (၁၁) ရက် နေ့လယ် (၁) နာ ရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

” အမျိုးသမီးတစ်ယောက်ကို သတ်ပြီး ကားပါယူသွားတာတဲ့။ အခုကျောက်ဝိုင်း အနောက်ဘက်နဲ့ မြောက်ဖက်‌အနီးတစ်ဝိုက်တွေပါ ပိတ်ပြီး စစ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ်တွင် ဓါးပြတိုက်သူများက အိမ်ရှင်အမျိုး သမီးအား သတ်ဖြတ်သွားကာ မော်တော်ယာဉ်ကိုပါ ယူ ဆောင်သွားကြောင်း ဒေသခံသတင်းထုတ်ပြန်ရေး Page များကလည်း ဖော်ပြထားသည်။

လက်ရှိတွင်တွင် ဓားပြတိုက်မှု ဖြစ်စဉ် ဖြစ်ပွားသည့် နေ ရာအနီးပတ်ဝန်းကျင်လမ်းများကို ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here