ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်များ၌ ဇူလိုင် ဒုတိယ ၁၀ ရက်ပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းနိုင်ဟု မိုးဇလထုတ်ပြန်

0
81

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်များ၌ ဇူလိုင် ဒုတိယ ၁၀ ရက်ပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းနိုင်ဟု မိုးဇလထုတ်ပြန်

မြန်မာနိုင်ငံ၊မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇူလိုင် ဒုတိယ ၁၀ ရက်ပတ်အတွင်း မိုး လေဝသခန့်မှန်းချက်များအား ဇူလိုင် ၁၁ ရက် (ယနေ့)တွင် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မိုးဇလမှ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင် လယ်အော်တို့တွင် လေဖိအားနည်းရပ်၀န်း ၁ ကြိမ်ဖြစ်ပေါ်နိုင်ကာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထား သည်။

ထို့ပြင် ရန်ကုန်တိုင်း၊စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊တနင်္သာရီတိုင်း၊ကချင် ပြည်နယ်၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည် နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် ၇ ရက်မှ ၉ ရက်ခန့် မိုးသည်းထန်စွာရွာသွန်းနိုင် သည်ဟု မိုးဇလမှခန့်မှန်းထားသည်။

အလားတူ နေပြည်တော်၊စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊မန္တလေးတိုင်း၊မကွေးတိုင်းနှင့်ကယားပြည် နယ်တို့တွင် ၄ ရက်မှ ၆ ရက်ခန့် မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟု ခန့်မှန်းထားသည်။

ထိုသို့ ရွာသွန်းရာတွင် ရန်ကုန်တိုင်း၊စစ်ကိုင်းတိုင်း (အောက်ပိုင်း)၊မန္တလေးတိုင်း၊မကွေးတိုင်း၊ပဲခူး တိုင်း(အနောက်ပိုင်း)၊ဧရာဝတီတိုင်းနှင့်တနင်္သာရီ တိုင်းတို့တွင် ရွာသွန်းမြဲထက်ပိုနိုင်သည်ဟု ထုတ်ပြန်ခဲ့သည်။

အလားတူ စစ်ကိုင်းတိုင်း(အထက်ပိုင်း)နှင့်ကချင် ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက်လျော့နည်းနိုင်ပြီး နေပြည်တော်၊ပဲခူးတိုင်း(အရှေ့ပိုင်း)၊ရှမ်းပြည် နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကယားပြည် နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် ရွာ သွန်းမြဲခန့် မိုးရွာနိုင်သည်ဟု မိုးဇလမှထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here