ကလေးမြို့တွင် လဘက်ရည်ဆိုင်ထိုင်နေသည့် မှုခင်းသတင်းထောက်နှင့်ဇနီးဖြစ်သူတို့ သေနတ်ဖြင့် ပစ်သတ်ခံရ

0
206

ကလေးမြို့တွင် လဘက်ရည်ဆိုင်ထိုင်နေသည့် မှုခင်းသတင်းထောက်နှင့်ဇနီးဖြစ်သူတို့ သေနတ်ဖြင့် ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ကလေးမြို့၊ဆိပ်ကမ်းသာလမ်းရှိ လဘက်ရည်ဆိုင်၌ထိုင်နေသည့် မှုခင်းသတင်းထောက်ကိုစိန်လင်းနှင့်ဇနီးဖြစ်သူတို့အား ဇူလိုင် ၁၁ ရက်(ယနေ့)မွန်းတည့် ၁၂ နာရီခန့်က သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

မှုခင်းသတင်းထောက်ကိုစိန်လင်းနှင့်ဇနီးဖြစ်သူတို့အား အမည်မသိအမျိုးသားများက လဘက်ရည်ဆိုင်အတွင်းသို့ဝင်ရောက်၍ သေနတ်များဖြင့်ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် မှုခင်းသတင်းထောက်ကိုစိန်လင်းနှင့်ဇနီးဖြစ်သူတို့တွင် ကျည်ထိမှန်ဒဏ် ရာများရရှိခဲ့သဖြင့် အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ပြီး ရုပ်အလောင်းများအား လူနာတင်ကားဖြင့်တင်ဆောင်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဥ်အား ကလေးမြို့ မြို့ပြပြောက်ကျား UGF အဖွဲ့ဝင်များကပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏လူမှုကွန်ယက်စာမျက်နှာ၌ ထုတ်ပြန်ရေးသားထားသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့စစ် ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here