အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲခြင်းခံ ထားရသည့် NLD ပါတီ မြို့နယ် ဥက္ကဋ္ဌကို အမှုမှ တရားရှင်လွှတ်ပေး

0
142

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲခြင်းခံ ထားရသည့်  NLD ပါတီ မြို့နယ် ဥက္ကဋ္ဌကို အမှုမှ တရားရှင်လွှတ်ပေး

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲခံထားရတဲ့ မော်လမြိုင်မြို့နယ် NLD ပါတီ  ဥက္ကဋ္ဌ ဒေါ်နွယ်နွယ်အောင်ကို ဇူလိုင်လ (၁၁) ရက်က တရားရှင် ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

ဒေါ်နွယ်နွယ်အောင်အား ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းက PDF များအား ထောက်ပံ့ပေးသည်ဆိုသည့် စွတ်စွဲ ချက်ဖြင့် စစ်တပ်က ဖမ်းဆီးကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) ဖြင့် အမှု့ဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

” ဟုတ်တယ်ဗျ။ အစ်မကို ပြန်လွှတ်ပေးလိုက်တယ်လို့ ကြားတယ်။ ဝမ်းသာပါတယ်။ ကျွန်တော်နဲ့တော့ အဆက် အသွယ် မရသေးပါဘူး ” ဟု  NLD ပါတီ နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

 ဒေါ်နွယ်နွယ်အောင်အား ကျိုက်မရော အကျဉ်းထောင်တွင် (၈) လကြာ ဖမ်းဆီး ချုပ်နှောင်ထားရာမှ ဇူလိုင်လ (၁၁) ရက်ရုံးချိန်းတွင် ခိုင်လုံသည့် သက်သေမရှိသည့် အတွက် အပြစ်မရှိကြောင်း ဆုံးဖြတ်ကာ တရားရှင် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ဒေါ်နွယ်နွယ်အောင်သည် မော်လမြိုင်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌဖြစ်သလို ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ခုနှစ် အထွေထွေ ရွေး ကောက်ပွဲတို့တွင် အနိုင်ရထားသည့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ် သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here