မြန်မာနိုင်ငံ၌ အိုမီခရွန် BA.4 တစ်ဦးနှင့် BA.5 ၅ ဦးစစ်ဆေးတွေ့ရှိဟု ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်

0
141

မြန်မာနိုင်ငံ၌ အိုမီခရွန် BA.4 တစ်ဦးနှင့် BA.5 ၅ ဦးစစ်ဆေးတွေ့ရှိဟု ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်

ကျန်းမာရေးဝန်ကြီးဌာနမှ ဇွန် ၃၀ ရက်တွင် ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိသူများအနက် ကိုဗစ်(၁၉) မျိုးရိုးဗီဇပြောင်းရောဂါပိုးတွေ့ရှိနိုင်သည့် သံသ ယဓာတ်ခွဲနမူနာ ၁၆ ခုအား ဆေးသုတေသနဦးစီး ဌာန(Department of Medical Research)တွင် စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာ (အိုမီခရွန်)မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.4 ရောဂါကူးစက်ခံထားရသူ တစ်ဦးနှင့် BA.5 ရောဂါကူးစက်ခံထားရသူ ၅ ဦးတို့အား တွေ့ရှိခဲ့ရသည်ဟု ဇူလိုင် ၁၁ ရက်ကထုတ်ပြန်ခဲ့သည်။

အဆိုပါ ရောဂါပိုးတွေ့ရှိသူများသည် ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများဖြစ်ကာ ကိုဗစ်(၁၉)ရောဂါပိုး ဓာတ်ခွဲအတည်ပြုစဉ်ကပင် သတ်မှတ်ရက်အ တိုင်းသီးခြားထားရှိကုသမှုပေးခဲ့ပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတကာလေ့လာတွေ့ရှိချက်များအရ (အိုမီခရွန်)မျိုးရိုးဗီဇပြောင်းရောဂါပိုးများသည် ကိုဗစ် (၁၉)ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူများတွင် ရောဂါလက္ခဏာပြင်းထန်မှုနှင့်သေ ဆုံးမှုလျော့နည်းကြောင်း တွေ့ရှိရသည်ဟု ကျန်း မာရေးဝန်ကြီးဌာနမှထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်(၁၉) ရောဂါမျိုးရိုးဗီဇပြောင်းရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းနှင့်ကိုဗစ်(၁၉)ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသခြင်းလုပ်ငန်းများအား ပိုမိုအရှိန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

အလားတူ ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်(၁၉) ရောဂါမျိုး ရိုးဗီဇပြောင်းရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှနိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ် (Commercial Fight)နှင့်ကယ်ဆယ်ရေးလေယာဉ် (Relief Flight)များ၊နယ်စပ်ဝင်ထွက်ဂိတ်များမှတစ်ဆင့်ဝင်ရောက်လာသူများထံမှ ဓာတ်ခွဲနမူနာရယူ၍ ဓာတ်ခွဲစစ်ဆေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here