Mechanical နည်းပညာကိုအသုံးပြုထားတဲ့ ဒိုင်နိုဆောအရုပ်ဖန်တီးမှုအောင်မြင်စွာပြီးစီး

0
177

Mechanical နည်းပညာကိုအသုံးပြုထားတဲ့ ဒိုင်နိုဆောအရုပ်ဖန်တီးမှုအောင်မြင်စွာပြီးစီး 

ကလေးကစားစရာအရုပ်အဆင့်ကနေမှ တစ်ဆင့်တက်ကာ Mechanical နည်းပညာကိုအသုံးပြုပြီး ဖန်တီးတီထွင်ထားတဲ့ ဒိုင်နိုဆော အရုပ်လေး ဖန်တီးမှုအောင်မြင်ခဲ့ပြီဖြစ်ပါတယ်။ 

အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီး စက်မှုလက်မှုပညာရှင် ကိုအောင်ကျော်က 

” အဓိကကတော့ ဘက်ထရီမော်တာအသုံးပြုထားတာ mechanical နည်းပညာ အသုံးပြုထားတာပါ ကလေးကစားစရာအရုပ်ကလေ mechanical နည်းပညာအဆင့်ပဲရှိပါတယ်။ ဒီအရုပ်လေးဖြစ်ဖို့အတွက် အကြမ်းဖျင်းအနေနဲ့ ပစ္စည်းဖိုးတင် ၁၅သိန်းကုန်ကျထားတယ်။ 

ဒီအရုပ်ကိုဖန်တီးဖို့စ​ပြီးလက်ခံခဲ့တာကတော့ ၄ လပိုင်း ကလက်ခံခဲ့ပြီး၅လပိုင်းကျော်မှ လုပ်ငန်းစလုပ်ခဲ့တာ ။ ဘက်ထရီ အ​နေနဲ့ခံနိုင်ရည်အားကတော့ တောက်လျှောက် လှုပ်ရှားမှုတွေလုပ်နေမယ်ဆိုရင် ၂ နာရီခံမှာပါ အခုဒီဒိုင်နိုဆောအရုပ်လေးကို ပြင်ဦးလွင်က ဒိုင်နိုဆောဥယျာဥ်မှာ ထားမှာပါ” လို့ ပြောပါတယ်။ 

ဒီဒိုင်နိုဆော အရုပ်လေးကိုဖန်တီးလိုက်တဲ့အချိန်မှာ သိလိုက်ရတာကအားနည်းချက်တွေအများကြီးကိုတွေ့လာရတာတွေရှိတယ် နောက်ထပ်ဒီထက်ကောင်းအောင်ကြိုးစားဖန်တီးသွားမယ်လို့ စက်မှုလက်မှုပညာရှင် ကိုအောင်ကျော်က ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here