ယူကရိန်းနိုင်ငံသားများကို ရုရှားနိုင်ငံသားအဖြစ် ခွင့်ပြုမိန့် သမ္မတပူတင်လက်မှတ်ရေးထိုး

0
104

ယူကရိန်းနိုင်ငံသားများကို ရုရှားနိုင်ငံသားအဖြစ် ခွင့်ပြုမိန့် သမ္မတပူတင်လက်မှတ်ရေးထိုး

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် တနင်္လာနေ့ (ဇူလိုင် ၁၁ ရက်) တွင် ယူကရိန်းနိုင်ငံသားအားလုံးကို ရုရှားနိုင်ငံသားအဖြစ်ခံယူခွင့်ပြုသည့်အမိန့်ကို လက်မှတ်ရေးထိုးခဲ့သည်။

မကြာသေးမီကာလများက ယူကရိန်းနိုင်ငံ Donetsk နှင့် Luhansk ဒေသများတွင် နေထိုင်သူများနှင့် တောင်ပိုင်း Zaporizhzhia နှင့် Kherson ဒေသများတွင် နေထိုင်သူများသာ ယခုအစီအစဉ်၏ ပထမအသုတ်အဖြစ် အကျုံးဝင်ခဲ့သည်။

သို့သော်ယခုအခါ ပူတင်၏အမိန့်သည် ယူကရိန်းနိုင်ငံသားအားလုံးအတွက် အကျုံးဝင်ခဲ့ပြီးဖြစ်သည်။ယခုအခြေအနေနှင့်ပတ်သက်၍မူ ယူကရိန်းအရာရှိများထံမှတုံ့ပြန်မှုတစ်စုံတစ်ရာမရရှိသေးပေ။

အဆိုပါအမိန့်ကို ၂၀၁၉ ခုနှစ်ကတည်းက Donetsk နှင့် Luhansk ဒေသများတွင်၎င်းဒေသများရှိနေထိုင်သူများအတွက်စတင်ခဲ့ခြင်းဖြစ်သည်။၂၀၁၉ ခုနှစ်မှ ယခုနှစ်ကြားအတွင်း သောင်းကျန်းသူထိန်းချုပ်နယ်မြေနှစ်ခုမှ ဒေသခံပေါင်း ခုနစ်သိန်းနှစ်သောင်း၊စုစု‌ပေါင်းလူဦးရေ၏ ၁၈ ရာခိုင်နှုန်းခန့် ရုရှားနိုင်ငံသားအဖြစ်ခံယူခွင့်ရရှိခဲ့သည်။

ယူကရိန်းကိုရုရှားက ထိုးစစ်ဆင်ပြီးသုံးလအကြာ မေလနှောင်းပိုင်းတွင် Zaporizhzhia နဲ့ Kherson ဒေသများရှိနေထိုင်သူများကိုလည်း နိုင်ငံသားခံယူခြင်း ပထမအသုတ်အဖြစ်အထက်ပါနည်းအတိုင်း ဆောင်ရွက်ပေးခဲ့ကာ လွန်ခဲ့သောတစ်လခန့်မှစ၍  ရုရှားနိုင်ငံသားလက်မှတ်များကို ထိုနေရာတွင်ပေးအပ်ခဲ့သည်ဟုလည်း သတင်းများထွက်ပေါ်နေခဲ့သည်။

Source – Wio News


LEAVE A REPLY

Please enter your comment!
Please enter your name here