မုံရွာ – မန္တလေး ကားလမ်းတွင် ခရီးသည်တင်ယာဉ်တစ်စီး မိုင်းနင်းမိပေါက်ကွဲရာမှ (၁) ဦးသေ (၁၂) ဦး ဒဏ်ရာရ

0
269

မုံရွာ – မန္တလေး ကားလမ်းတွင် ခရီးသည်တင်ယာဉ်တစ်စီး မိုင်းနင်းမိပေါက်ကွဲရာမှ (၁) ဦးသေ (၁၂) ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းမြို့နယ် ၊ ခင်မွန်ကျေး ရွာအနီး ၊ မုံရွာ-မန္တလေး ကားလမ်းတွင် ဇူလိုင်လ ၁၁ ရက် ညနေပိုင်းက မိုင်းပေါက်ကွဲမှု ဖြစ်ပွားကာ ခရီးသည်တင် ယာဉ်တစ်စီး ထိမှန် ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းထိမှန်မှုကြောင့် ယာဉ်ပေါ်ပါ (၁၃) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ယင်း (၁၃) ဦးထဲမှ (၁) ဦး သေဆုံးသွားကြောင်း သိရသည်။

မုံရွာ – မန္တလေးကားလမ်း မိုင်တိုင်အမှတ် ၇၁ /၂ နဲ့ ၃ အ ကြား ခင်မွန်ရွာအနီတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး မိုင်းထိမှန်ခဲ့သည့်ကားမှာ ရွှေသလ္လာ ယာဉ်လိုင်းမှ ခရီးသည်တင် Express ယာဉ်ဖြစ်သည်။

ပေါက်ကွဲမှု ဖြစ်စဉ်တွင် လက်လုပ်မိုင်း (၄)လုံး ပေါက်ကွဲခြင်းဖြစ်ပြီး ဒဏ်ရာရသူ (၁၃) ဦးထဲမှ  ဦးငြိမ်းကိုအောင် ဆိုသူ သေဆုံးသွားကာ ကျန် (၁၂)ဦးကို ချောင်းဦးမြို့ နယ် ပြည်သူ့ဆေးရုံသို့ ပိုဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ မုံရွာ – မန္တလေးကားလမ်း အပါအဝင် စစ်ကိုင်း ဒေသကြီးအတွင်းမှ အဝေးပြေးကားလမ်းများတွင် မိုင်းပေါက်ကွဲခြင်း ၊ သေနတ်ဖြင့် ပစ်ခတ် ခံရခြင်းများ အ ကြိမ်ရေ များစွာ ဖြစ်ပွားနေပြီး သေဆုံးသူဦးရေ ဒါဇင်နှင့်ချီကာ ရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here