ရုရှားအပေါ် ပိုမိုအရေးယူပိတ်ဆို့ရန် ဂျပန်နှင့် ဆွေးနွေးသွားမည့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး

0
94

ရုရှားအပေါ် ပိုမိုအရေးယူပိတ်ဆို့ရန် ဂျပန်နှင့် ဆွေးနွေးသွားမည့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး

တိုကျို၊ ဇူလိုင် ၁၂ ရက်

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျနက် ရယ်လန်သည် ယ​နေ့အင်္ဂါနေ့၌  ဂျပန်ဘဏ္ဍာရေးဝန်ကြီး ရှုနီချီ ဆူဇူကီးနှင့်​တွေ့ဆုံမည့် အစည်းအဝေးတွင် ရုရှား-ယူကရိန်း အရေးအခင်းနှင့်ပတ်သက်၍ ရုရှားအပေါ် အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများ အားကောင်းလာစေရန် နည်းလမ်းများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်း၏ ဘဏ္ဍာရေးဌာနက ပြောကြားခဲ့သည်။

ယခုအချိန်တွင် အ​မေရိကန်၌ နှစ်၄၀ အတွင်း ​ငွေ​ကြေး​ဖောင်းပွမူအမြင့်ဆုံး အ​ခြေ​နေ​ရောက်ရှိ​နေသည်။

ထို့​ကြောင့်အဆိုပါအစည်းအဝေး၌ ရယ်လန်သည် အမေရိကန်နိုင်ငံရှိ စားသုံးသူများအတွက် ကုန်စည်များ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး ကူညီပေးရန် ဂျပန်နှင့် အခြားယုံကြည်ရသော မိတ်ဖက်နိုင်ငံများနှင့် လက်တွဲလုပ်ဆောင်လို​ကြောင်း​​၊ ပိုမိုတည်ငြိမ်၍ ​သေချာ​သော ကုန်ကြမ်းပို့​ဆောင်ရေးအစီအစဉ်များကို အာရုံစိုက်သွားမည်ဖြစ်​ကြောင်းသိရသည်။

ဂျပန်နိုင်ငံသုံး ယန်းငွေတန်ဖိုးသည် လည်းတနင်္လာနေ့၌ ၂၄ နှစ်အတွင်း အနိမ့်ဆုံးသို့ ရောက်ရှိသွားသောကြောင့် လူနေမှုစရိတ်များ မြင့်တက်လာမည်ကို စိုးရိမ်သဖြင့် ၎င်းအစည်းအဝေး လုပ်ငန်းစဉ်တွင် ငွေကြေးနှင့်ပတ်သက်၍ ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဂျပန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ဆူဇူကီးက ဂျပန်နိုင်ငံသည် ငွေလဲနှုန်းဆိုင်ရာ ကိစ္စရပ်များကို G7 သဘောတူညီချက်နှင့်အညီ အခြားနိုင်ငံများမှ ငွေကြေးအာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်စဉ် လိုအပ်သလို သင့်လျော်စွာ တုံ့ပြန်သွားမည်ဖြစ်သည်ဟု ဆိုသည်။

ရယ်လန်သည် မော်စကို၏ အမြတ်အစွန်းများကို ကန့်သတ်ရန်နှင့် စွမ်းအင်ဈေးနှုန်းများ လျှော့ချရာတွင် ကူညီရန်အတွက် ရုရှားရေနံဈေးနှုန်းသတ်မှတ်ခြင်းနှင့် ပတ်သက်၍လည်း ဂျပန်နှင့် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်။

ရယ်လန်သည် ဆူဇူကီးနှင့် အခြားသော G20 ဘဏ္ဍာရေးအရာရှိများ ပါဝင်မည့် ဇူလိုင် ၁၅-၁၆ ရက်နေ့ ဆွေးနွေးပွဲများသို့ တက်ရောက်ရန် ဇူလိုင်လ ၁၃ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် အင်ဒိုနီးရှားသို့ဆက်လက် သွားရောက်မည်ဖြစ်သည်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here