အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန် အခွင့်အလမ်းများဖန်တီးပေးရမည်ဟု နစက ဒု-ဥက္ကဋ္ဌပြော

0
224

အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန် အခွင့်အလမ်းများဖန်တီးပေးရမည်ဟု နစက ဒု-ဥက္ကဋ္ဌပြော

မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ အလုပ်လုပ်ကိုင်မှုနှင့်ပတ်သက်၍ ဗဟိုသန်းခေါင်စာရင်းကော်မ ရှင်နာယက၊ နစက ဒု-ဥက္ကဋ္ဌ၊ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ဇူလိုင် ၁၁ ရက်က နေပြည်တော်၌ကျင်းပသည့် ၂၀၂၂ ခုနှစ်၊ကမ္ဘာ့လူဦးရေနေ့အခမ်းအနား ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၉ ကြားဖြတ်လူဦးရေသန်း ခေါင်စာရင်းအရ အမျိုးသမီးဦးရေ ၁၀၀ တွင် ၅၂ ဦးခန့်သာ အလုပ်လုပ်ကိုင်နေသည်ဟု ပြောသည်။

“နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အမျိုး သမီးတွေရဲ့ လုပ်အားကိုအပြည့်အဝအသုံးမချနိုင်သေးတာတွေ့ရပါတယ် ဒါ့ကြောင့် အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်မြှင့်တင်နိုင်ဖို့ အမျိုးသမီးတွေ လုပ်ငန်းခွင်ဝင်ရောက်နိုင်ဖို့ အခွင့်လမ်းတွေကိုဖန်တီးပေးကြရမှာဖြစ်ပါတယ်”ဟု နစက ဒု-ဥ က္ကဋ္ဌကပြောသည်။

ထို့ပြင် အမျိုးသမီးများ၏စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့်ပတ်သက်၍ ၂၀၁၅-၂၀၁၆ ခုနှစ် လူဦး ရေနှင့်ကျန်းမာရေး စစ်တမ်းအရ အိမ်ထောင်ရှင် အမျိုးသမီးများ၏ ၆၅ ရာခိုင်နှုန်းသည် တစ်ကိုယ်ရေကျန်းမာရေးစောင့်ရှောက်မှု၊အိမ်ထောင်စုအ တွက်လိုအပ်သည့် ပစ္စည်းများဝယ်ယူမှုနှင့်မိဘဆွေမျိုးများထံ သွားရောက်လည်ပတ်နိုင်မှုတို့တွင် ကိုယ်တိုင်ဆုံးဖြတ်ချက်ချမှတ်နိုင်သည်ကို တွေ့ရှိရသည်ဟု နက ဒု-ဥက္ကဋ္ဌကပြောသည်။

“အဲ့လို ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့ အမျိုးသမီးတွေဟာလိုအပ်တဲ့ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုတွေ ပိုပြီးခံယူနိုင်တာကိုတွေ့ရပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် အမျိုးသမီးများ၏ ကိုယ်ပိုင်ဆုံးဖြတ် ချက်ချနိုင်သည့် စွမ်းဆောင်ရည်မြင့်မားလာစေရန် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရမည်ဟု နစက ဒု-ဥက္ကဋ္ဌ၊ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြော သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here