မိုးညှင်းမြို့နယ်၌ ငွေကျပ်သိန်း ၅၆၀၀ ကျော်တန် ဖိုးရှိ ဘိန်းဖြူနှင့်ဘိန်းစိမ်းများအား ကုန်တင်ကားပေါ်မှ ဖမ်းဆီးရမိ

0
232

မိုးညှင်းမြို့နယ်၌ ငွေကျပ်သိန်း ၅၆၀၀ ကျော်တန် ဖိုးရှိ ဘိန်းဖြူနှင့်ဘိန်းစိမ်းများအား ကုန်တင်ကားပေါ်မှ ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊နန့်စီးအောင်ပူး ပေါင်းစစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူး ပေါင်းအဖွဲ့ဝင်များမှ ဇူလိုင် ၉ ရက်မွန်းတည့်ပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ယင်းနေ့မွန်းတည့် ၁၂ နာရီက နန့်စီးအောင်ပူး ပေါင်းစစ်ဆေးရေးဂိတ်တွင် မန္တလေးဘက်မှဟိုပင်ဘက်သို့ စိုင်းသူရကျော် မောင်းလာသည့် ၁၂ ဘီးကားအား သတင်းအရရှာဖွေခဲ့ကြသည်။

ထိုသို့ ရှာဖွေရာကားပေါ်ရှိ ဘိလပ်မြေအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ငွေကျပ်သိန်း ၅၆၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ(၁၆ ဒသမ ၇၂ ကီလို)နှင့်ဘိန်းစိမ်း(၁၂၅ ကီလို)အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ဖမ်းဆီးရမိသူအားစစ်ဆေးချက်အရ ယင်းနေ့ည ၆ နာရီခွဲတွင် မူးယစ်ဆေးဝါးများသယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သည့် ဇော်ဇော်စိုး(ခ)ဖိုးလုံးအား ဟိုပင်မြို့၊ရွာသစ်ကြီးကျေးရွာအနီး၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဘိန်းဖြူနှင့်ဘိန်းစိမ်းများအား ရှမ်းပြည် (တောင်ပိုင်း)မှကချင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသဖြင့် ဖမ်းဆီးရမိသူ ၂ ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here