မြေနီကုန်း ဂုံးကျော်တံတားအောက် ဗုံးပေါက်ကွဲမှုဖြစ် ပွား၊ ပြည်သူ (၃) ဦး ဒဏ်ရာရ

0
228

မြေနီကုန်း ဂုံးကျော်တံတားအောက် ဗုံးပေါက်ကွဲမှုဖြစ် ပွား၊ ပြည်သူ (၃) ဦး  ဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး၊  စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတံတားအောက်တွင် ယနေ့  ဇူလိုင် ၁၂ ရက် ညနေပိုင်းက  ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပြည်သူ (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ ညနေ (၃) ခွဲဝန်းကျင်အချိန်တွင် ဗုံးပေါက်ကွဲမှု ဖြစ် ပွားခဲ့ခြင်း ဖြစ်ပြီး အမျိုးသမီး (၂) ဦးနှင့် အမျိုးသား (၁) ဦး ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်ကြုံတွေ့ခဲ့သူများထံက သိရသည်။

” မိန်းကလေး (၂) ယောက် ၊ ယောက်ျားလေး (၁)ယောက်ထိတယ်။ ဆေးရုံကားရောက်လာပြီး သယ်သွားကြတယ်” ဟု ဖြစ်စဉ်ဖြစ်ပွားချိန် အနားတွင်ရှိသူ တစ်ဦးက ပြော သည်။

ယနေ့ ဇူလိုင်လ (၁၂) ရက်သည် ဗုဒ္ဓဘာသာဝင် လူမျိုးများ အထွဋ်အမြတ်ထားရာ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ဖြစ်သည့်အတွက် မြေနီကုန်း အနီးတဝိုက်ရှိ ရွှေတိဂုံဘု ရားအပါအဝင် အထင်ကရနေရာများတွင် နံနက်ပိုင်းကပင် လူစည်ကား လျက်ရှိနေခြင်း ဖြစ်သည်။

ယနေ့ မွန်းလွဲ (၂) နာရီ ဝန်းကျင်ကလည်း လှိုင်သာယာမြို့နယ် (၅) ထိပ် ပန်းခြံအနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားကာ အမျိုးသား (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ထို့အပြင် နံနက် ပိုင်းကလည်း တာမွေမြို့နယ် ဗညားဒလလမ်းတွင် ဗုံးတွေ့ရှိသည့်အတွက် စစ်တပ်မှ ဖောက်ခွဲရှင်း လင်း ခဲ့ရကြောင်း သိရသည်။

Photo _CJ


LEAVE A REPLY

Please enter your comment!
Please enter your name here