လူမှုကွန်ယက်အသုံးပြု၍ ငွေကြေးလိမ်လည်မှုနည်းလမ်းတစ်မျိုး ထပ်မံပေါ်ထွက်နေ

0
225

လူမှုကွန်ယက်အသုံးပြု၍ ငွေကြေးလိမ်လည်မှုနည်းလမ်းတစ်မျိုး ထပ်မံပေါ်ထွက်နေ

ပုံမှန်ဝင်ငွေအနည်းငယ်ရှိကာ ပြင်ပ၌အလုပ်လုပ် ကိုင်နိုင်ခွင့်နည်းပါးသည့် ဝန်ထမ်းများအား အဓိ ကပစ်မှတ်ထား၍ လူမှုကွန်ယက်အသုံးပြုကာ ငွေ ကြေးလိမ်လည်မှုနည်းလမ်းတစ်မျိုး ထပ်မံပေါ် ထွက်နေသည်ဟု သိရသည်။

အဆိုပါ လိမ်လည်မှုနည်းလမ်းသည် ပုံမှန်ဝင်ငွေရှိသူများအသုံးပြုသော လူမှုကွန်ယက်စာမျက်နှာသို့ ငွေကြေးလိမ်လည်သည့် လူမှုကွန်ယက် Group မှ invite လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်ကတော့မကြုံဘူးသေးဘူးဗျ  ၊ကြုံဘူးတာက အထောက်အထားမလိုဘဲ ပိုက်ဆံချေးလို့ရတယ်ဆိုတာကိုတော့ ဖြစ်ဘူးတယ် လက်တွေ့ပဲပိုက်ဆံ ပါသွားဘူးတယ် ဖုန်းနံပါတ်ပေးထားတာတွေကိုဆက်တော့လည်း လုံးဝဆက်မရတော့ဘူး”ဟု လူမှုကွန်ယက်စာမျက်နှာပေါ်ရှိ ငွေချေးလုပ်ငန်းများနှင့်ဆက်သွယ်ငွေချေးမိခဲ့သည့် ကိုကျော်စွာဟိန်းကပြောသည်။

လက်ရှိအချိန်၌ ငွေကြေးလိမ်လည်သည့် နည်းလမ်းတွင် ၎င်းတို့ထံ၌ ငွေကျပ် ၂ သိန်းကျော်ခန့်မှစတင်ကာ ၁ နှစ်နှင့် ၆ လ ရင်းနှီးမြှုပ်နှံပြီး မည်သည့်အလုပ်မှလုပ်ကိုင်ရခြင်းမရှိဘဲ ၃၀၀ ရာခိုင်နှုန်းပြန်လည်ရရှိမည်ဟု ရေးသားထားကြကြောင်း သိရသည်။

ထို့ပြင် မည်သည့်ဘဏ်မှအသိအမှတ်ပြုမထားသည့် အမြတ်ငွေကိန်းဂဏန်းများအား ထည့်သွင်း ပေးမည်ဟုလည်း ရေးသားထားကြောင်း သိရသည်။

ထိုအတူ မြန်မာငွေကျပ် ၂ သိန်းကျော်အားရင်းနှီးမြှုပ်နှံပြီးပါက မည်သည့်ဆေးမှရောင်းချရန်မလိုအပ်ဘဲ member အသစ်ထပ်ခေါ်ပြီးပါက mobile app မှတဆင့် အမြတ်ငွေကြေးများထည့်သွင်းပေးသွားမည်ဟု ရေးသားထားသည်။

“ယုံကြည်လို့မရတဲ့ လုပ်ငန်းတွေလို့ပြောလို့ရတာပေါ့ ဘာအလုပ်မှလုပ်စရာမလိုပဲနဲ့ပိုက်ဆံတွေရမယ်ဆိုထဲက ယုံချင်စရာမရှိဘူးလေ ဘယ်ကိစ္စမှအလုပ်မလုပ်ဘဲ ပိုက်ဆံမရဘူး ခေတ်ကာလမကောင်းတဲ့အချိန်မှာအဲ့လိုမျိုးတွေကြောင့် လူတွေပိုပြီးဒုက္ခရောက်ရတယ်”ဟုကိုကျော်စွာဟိန်းကပြောသည်။

ထို့ကြောင့် ငွေကြေးရင်းနှီးမြှုပ်နှံမှုပြုလုပ်လိုသူ များအနေဖြင့် ခိုင်မာမှန်ကန်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင်သာ ရင်းနှီးမြှုပ်နှံသင့်ကြောင်း အကြံပေးပြောကြားမှုများလည်းရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here