မြန်မာ-ရုရှား နှစ်နိုင်ငံအစိုးရနှင့်တပ်မတော်နှစ်ရပ်ကြားတွင် ကဏ္ဍပေါင်းစုံ၌ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်

0
387

မြန်မာ-ရုရှား နှစ်နိုင်ငံအစိုးရနှင့်တပ်မတော်နှစ်ရပ်ကြားတွင် ကဏ္ဍပေါင်းစုံ၌ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်

နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ်၊ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ရုရှားနိုင်ငံ၊ကာကွယ်ရေးဝန်ကြီးဌာနမှတာဝန်ရှိသူအကြီးအကဲများနှင့် ဇူလိုင် ၁၁ ရက်မွန်းလွဲပိုင်းက ရုရှားနိုင်ငံ၌အလုပ်သဘောတွေ့ဆုံစဥ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

မြန်မာ-ရုရှား နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြားရှိ ရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့်စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအား ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။

အလားတူ ရုရှားနိုင်ငံ၌ ကျင်းပလျက်ရှိသည့် ကာ ကွယ်ရေးစွမ်းရည်တိုးမြှင့်ရေးဆိုင်ရာပြိုင်ပွဲများနှင့်လေ့ကျင့်ရေးဆောင်ရွက်မှုများတွင် မြန်မာ့တပ်မတော်မှ ပါဝင်ယှဉ်ပြိုင်ဆောင်ရွက်လျက်ရှိကာ ဆက်လက်ပါဝင်ဆောင်ရွက်သွားမည့် အခြေအနေတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု၊မြန်မာ-ရုရှား နှစ်နိုင်ငံအစိုးရနှင့်တပ်မတော်နှစ်ရပ်ကြားတွင် ကဏ္ဍပေါင်းစုံ၌ ဆက်လက်ပူး ပေါင်းဆောင်ရွက်သွားမည့် အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။

အလုပ်သဘောတွေ့ဆုံဆွေးနွေးပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ နစက တွဲဖက်အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ် ချုပ်ကြီးထွန်းအောင်၊ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးဦးလွင်ဦးနှင့်မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)ဗိုလ်မှူးချုပ်မိုးကျော် တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အလားတူ ရုရှားနိုင်ငံ၊ကာကွယ်ရေးဝန်ကြီးဌာနမှအကြီးအကဲများနှင့်အတူ ရုရှားတပ်မတော်မှအ ရာရှိကြီးများလည်း တက်ရောက်ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here