မြစ်သားတွင် ကျောင်းထိုင်ဆရာတော် တစ်ပါးအား ဒလန်ဟုဆိုကာ ပစ်ခတ်သတ်ဖြတ်

0
86

မြစ်သားတွင် ကျောင်းထိုင်ဆရာတော် တစ်ပါးအား ဒလန်ဟုဆိုကာ ပစ်ခတ်သတ်ဖြတ်

မန္တလေးတိုင်းဒေသကြီး၊မြစ်သားမြို့နယ်အတွင်းရှိ ဘုန်း ကြီးကျောင်း တစ်ကျောင်းမှ ကျောင်းထိုင် ဆရာတော်တစ်ပါးအား ဒလန်ပြုလုပ်သည်ဟုဆိုကာ လက်နက်ကိုင်အဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ် စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တဲကြီးကျေး ရွာ၊ “စိတ္တသုခ” ဘုန်းကြီးကျောင်းမှစိတ္တသု ခ ကျောင်းထိုင် ဆရာတော် ဥူးကုသလအား ဇူလိုင်လ (၁၁) ရက် ညပိုင်းက လက်နက်ကိုင်များက လာရောက်ပစ် ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆရာတော် ဥူးကုသလသည် သက်တော် (၅၅)နှစ် ၊ ဝါတော် (၃၅) ဝါရှိ ကျောင်းထိုင်ဆရာတော် တစ်ပါးဖြစ်ပြီး ကျောင်း၌ သီတင်းသုံးနေစဉ် လက်နက်ကိုင်ဆောင်ထားသူ (၄) ဦး ရောက်ရှိလာပြီး ဆရာတော်အား ဒလန်ဟု စွတ်ဆွဲကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဆရာတော် ဥူးကုသလတွင် လည်ပင်း ကျည်ထိမှန်ဒဏ်ရာ ရရှိကာ ပျံ လွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း နစက က သတင်းထုတ်ပြန် သည်။

လက်ရှိတွင် ဆရာတော် ဥူးကုသလအား ပစ်ခတ်သတ် ဖြတ်ခဲ့သည့် ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိနိုင်ရေး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်းလည်း သိရသည်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံအတွင်းရှိ နေရာအနှံ့အပြားတွင် လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် သံဃာတော် (၅၁) ပါးနှင့် သီလရှင်ဆရာကြီး (၁) ပါး ပျံလွန်တော်မူခဲ့ပြီး ဖြစ် ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here