“လူရွှင်တော်ဦးချစ်ချောခါးရိုးခွဲစိတ်ကုသမှုခံယူရန်အတွက် ကုန်ကျစရိတ်အနေနဲ့ အလှူငွေ ၂၆သိန်း လှူဒါန်းမယ့် ကိုကောင်းထက်ဇော်

0
296

“လူရွှင်တော်ဦးချစ်ချောခါးရိုးခွဲစိတ်ကုသမှုခံယူရန်အတွက် ကုန်ကျစရိတ်အနေနဲ့ အလှူငွေ၂၆သိန်း လှူဒါန်းမယ့် ကိုကောင်းထက်ဇော်”

ကိုကောင်းထက်ဇော် မှ လူရွှင်တော်ဦးချစ်ချော ခါးရိုးခွဲစိတ်ကုသမှုခံယူနိုင်ရန်အတွက်ကုန်ကျစရိတ်အနေနဲ့ အလှူငွေ၂၆သိန်းကို သူတစ်ဦးတည်းတာဝန်ယူလှူဒါန်းသွားမှာ ဖြစ်ပါတယ်။ 

အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီး ဦးချစ်ချောက 

“ဝါဆိုလပြည့်နေ့ ညနေ 7:15 နာရီမှာ ကိုကောင်းထက်ဇော် (မိသားစုပြိုင်ပွဲ)မှ ကျွန်တော့်ခါးရိုးခွဲစိတ်မှုအတွက် ကုန်ကျစရိတ်အားလုံး (26 သိန်းခန့်)ကို သူတစ်ဦးတည်းတာဝန်ယူလှူဒါန်းပါမည်လို့အားပေးစကားပြောလာပါတယ်။

ကျွန်တော်က လက်ရှိ ရရှိထားပြီးထောက်ပံ့ငွေဆယ်သိန်းခန့်ရရှိနေပြီး(ဆရာဦးသီနှင့် ကိုဒိန်းဒေါင်တို့လှူဒါန်းငွေခြောက်သိန်းအပါအဝင်) ဖြစ်ကြောင်းတင်ပြသောအခါ ထိုငွေများကိုအခြားကုန်ကျစရိတ်များတွင်သုံးလိုက်ပါလို့ပြောပါတယ်။

အကယ်၍ ပိုလျှံငွေများရှိလာပါက ယခုလှူထားတဲ့အလှူရှင်များရဲ့သဘောတူညီချက်ရယူပြီးအခြားလိုအပ်သောနေရာများသို့ သွားရောက်လှူဒါန်းရန်စဥ်းစားမိပါတယ်”လို့ သူလက်ရှိအသုံးပြုနေတဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားထားပါတယ် ။


LEAVE A REPLY

Please enter your comment!
Please enter your name here