ချောင်းဦးမြို့နယ် ခရီးသည်တင်ကား မိုင်းဆွဲတိုက်ခိုက်ခံရမှုတွင် ထိခိုက်ဒဏ်ရာရသူများအား သယ်လာသည့် လူမှုကူညီရေးကား ထပ်မံမိုင်းဆွဲခံရ

0
137

ချောင်းဦးမြို့နယ် ခရီးသည်တင်ကား မိုင်းဆွဲတိုက်ခိုက်ခံရမှုတွင် ထိခိုက်ဒဏ်ရာရသူများအား သယ်လာသည့် လူမှုကူညီရေးကား ထပ်မံမိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်၊ခင်မွန်ကျေးရွာအနီးရှိ မုံရွာ-မန္တလေးသွားကားလမ်းတွင် ဇူလိုင် ၁၁ ရက်ညနေ ၄ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နစက မှထုတ်ပြန်ခဲ့သည်။

မုံရွာ-မန္တလေးသွားကားလမ်းအတိုင်း မုံရွာမြို့မှမန္တဆလးမြို့သို့ ခရီးသည် ၉ ဦးတင်ဆောင်လာသည့် “ရွှေသလ္လာ”ခရီးသည်တင်ကားလိုင်းမှ ခရီးသည်တင်ကားသည် မိုင်တိုင်အမှတ်-၇၁/၂ နှင့် ၇၁/၃ ကြားအရောက် လက်နက်ကိုင်အဖွဲ့ဝင်များမှ လက်လုပ်မိုင်း ၄ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခြင်းခံခဲ့ရသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် ခရီးသည်များနှင့်ကားမောင်းသူကိုအောင်မိုးဟိန်း၊အကူကားမောင်းသူဦးလှဝင်းမောင်၊စပယ်ယာကိုရန်အောင်ထွန်းတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ခရီးသည်တင်ကား၏ ရှေ့၊နောက်၊ဘေးလေကာမှန်များနှင့်ကားဘီး ၄ လုံးကွဲခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရသူများအား လူမှုကူညီရေးအသင်းကား ၇ စီးဖြင့် မုံရွာမြို့ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် တင်ဆောင်လာစဥ် အခင်းဖြစ်နေရာနှင့် ၁ ဖာလုံခန့်အကွာအရောက်၌ လူမှုကူညီရေးအသင်းကားများအား လက်နက်ကိုင်အဖွဲ့ဝင်များက လက်လုပ်မိုင်းတစ်လုံးဖြင့် ထပ်မံဖောက်ခွဲခဲ့ကြောင်း နစက မှထုတ်ပြန်ခဲ့သည်။

အဆိုပါ ဖြစ်စဥ််၌ လူမှုကူညီရေးကားတစ်စီး၏ အနောက်လေကာမှန်တစ်ချပ် ကွဲအက်ပျက်စီးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here