ရုရှားနိုင်ငံမှကုလငြိမ်းချမ်း​ရေးသံအမတ် နာမည်ကျော်ပန်းချီပညာရှင်က နစက ဥက္ကဋ္ဌအား ပုံတူပန်းချီကား လက်ဆောင်ပေး

0
309

ရုရှားနိုင်ငံမှကုလငြိမ်းချမ်း​ရေးသံအမတ် နာမည်ကျော်ပန်းချီပညာရှင်က နစက ဥက္ကဋ္ဌအား ပုံ တူပန်းချီကား လက်ဆောင်ပေး

ရုရှားနိုင်ငံ၊မော်စကိုမြို့၊ ရွှေစည်းခုံပုံတူစေတီတော်ကြီး ၏ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားအား ဝါဆိုလပြည့်နေ့၌ ကျင်းပရာတွင် အမှတ်တရလက်ဆောင်အဖြစ်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ရုရှားနိုင်ငံ၏ နာမည်ကျော်ရှုခင်းပန်းချီပညာရှင် Mr. Alexander Alexandrovich Shilov မှ၎င်းကိုယ်တိုင်ရေးဆွဲထားသည့် ပုံတူပန်းချီကားအား နစက ဥက္ကဋ္ဌထံသို့ အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ပန်းချီဆရာ သည် ၁၉၇၄ ခုနှစ်၊မတ် ၂၄ ရက်က မော်စကိုမြို့၌ မွေးဖွားခဲ့သူဖြစ်ကာ ၂၀၀၅ ခုနှစ်တွင် မော်စကိုအနုပညာတက္က သိုလ်မှ ပန်းချီဖြင့်ဘွဲ့ရရှိခဲ့သူဖြစ်သည်။

၎င်းသည် ၂၀၀၆ ခုနှစ်တွင် ရုရှားသဘာဝသိပ္ပံအကယ်ဒမီ(RANS)၏ Humanities and Creativity Section အတွက်အကြံပေးတစ်ဦးဖြစ်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် Moscow State Academic Art Institute ၏ ဒု-ပါမောက္ခချုပ်ဖြစ်လာပြီးနောက် ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးသံအမတ်ကြီးတစ်ဦးလည်းဖြစ်သည်။

Mr. Alexander Alexandrovich Shilov သည် ရှုခင်းပန်းချီကား ၁၀၀ ကျော်အားရေးဆွဲထားပြီးဖြစ်ကာ အာကာသပတ်လမ်းအတွင်းရှိ အပြည်ပြည်ဆိုင်ရာအာကာသစခန်း(ISS)တွင် ကိုယ်ပိုင်ပန်းချီပြပွဲဖြင့် ပန်းချီကားများပြသထားသည့် ပန်းချီပညာရှင်အဖြစ် ဂင်းနစ်စာအုပ်၌မှတ်တမ်းဝင်ခဲ့သည်။

ထို့ပြင် ရုရှားနိုင်ငံ ပညာရေးဝန်ကြီးဌာန၏ဆုံး ဖြတ်ချက်ဖြင့် Mr. Alexander Alexandrovich Shilov အကြောင်းအား ၃ တန်းနှင့် ၄ တန်းတို့၏ သဘာဝသိပ္ပံဆိုင်ရာကျောင်း အီလက်ထရောနစ်ဖတ်စာအုပ်များတွင် ထည့်သွင်းထားသည်။”Our Motherland Russia”ပန်းချီပြပွဲအား ပြုလုပ်ကျင်းပသူဖြစ်ကာ ပန်းချီပြပွဲကြီးများအား နှစ်စဥ်ကျင်းပသူလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here