မူဆယ်မြို့ရှိ အမှတ်(၂)အ.ထ.က ကျောင်းဘောလုံးကွင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွား

0
315

မူဆယ်မြို့ရှိ အမှတ်(၂)အ.ထ.က ကျောင်းဘောလုံးကွင်းအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွား

ရှမ်းပြည်(တောင်ပိုင်း)၊မူဆယ်မြို့၊ဟိုမွန်ရပ်ကွက်ရှိ အ မှတ်(၂)အ.ထ.က ကျောင်း၏ ဘောလုံးကွင်းအတွင်း၌ ဇူလိုင် ၁၃ ရက်(ယနေ့)နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့နံနက် ၈ နာရီခန့်က ကျောင်းဘောလုံးကွင်းအတွင်း၌ အိတ်အမည်းရောင်တစ်လုံးအား မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ကျောင်းတာဝန်ရှိသူများမှ လုံခြုံရေးအဖွဲ့ဝင်များထံအကြောင်းကြားခဲ့ကြသည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက အိတ်အားဖွင့်ဖောက်စစ်ဆေးရာ လက်လုပ်ဗုံး ၃ လုံးအားတွေ့ရှိခဲ့ရသဖြင့် ဖယ်ရှားရှင်းလင်းရန်ပြုလုပ်စဥ် လက်လုပ်ဗုံးတစ်လုံးမှ နံနက် ၈ နာရီခွဲခန့်၌ ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ လုံခြုံရေးအဖွဲ့ဝင်များမှကျန်ရှိသည့် လက်လုပ်ဗုံး ၂ လုံးအား ဖယ်ရှားရှင်းလင်းခဲ့ကြကြောင်း သိရသည်။

“ကျောင်းအနောက်မှာရှိတဲ့ဘောလုံးကွင်းထဲကတွေ့တာ ထိခိုက်ဒဏ်ရာရတာတော့မရှိပါဘူး ကျောင်းကတော့ လုံခြုံရေးအခြေအနေအရ ဒီနေ့ပိတ်လိုက်တယ် မိဘတွေကလည်းစိတ်ပူပြီး သူတို့ကလေးတွေကိုလာခေါ်သွားကြတယ်”ဟု မူဆယ်မြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

အဆိုပါ အမှတ်(၂)အ.ထ.က ကျောင်း၌တွေ့ရှိပေါက်ကွဲခဲ့သည့် လက်လုပ်ဗုံးများအား မည်သည့်အဖွဲ့အစည်းမှလာရောက်ထောင်ထားခြင်းကို သိရှိရခြင်းမရှိသေးပေ။

Photo-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here