မြေနီကုန်း တံတားအောက်ပေါက်ကွဲမှုတွင် ဒဏ်ရာရခဲ့သည့် အမျိုးသမီးတစ်ဦး ထပ်မံသေဆုံး

0
121

မြေနီကုန်း တံတားအောက်ပေါက်ကွဲမှုတွင် ဒဏ်ရာရခဲ့သည့် အမျိုးသမီးတစ်ဦး ထပ်မံသေဆုံး

ယမန်နေ့ ဇူလိုင်လ (၁၂) ရက် ညနေပိုင်းက စမ်းချောင်းမြို့နယ် ၊ မြေနီကုန်း ဂုံးတံတားအောက်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုတွင် ထိခိုက် ဒဏ်ရာရရှိခဲ့သူများထဲမှ အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အတွင်း ဒဏ်ရာရရှိသူများကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးနှင့် တပ်မတော် စစ်ဆေးရုံသို့ ပို့ ဆောင်ပေးခဲ့ရာ လှိုင်သာယာမြို့နယ်နေ မအေးပြည့်ပြည့်ဇော်မှာ ရင်ဘတ် ဗုံးစထိမှန်ဒဏ်ရာဖြင့် အခင်းဖြစ်ပြီးမကြာမီတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ဒဏ်ရာပြင်းထန်သူများကို တပ်မတော် စစ်ဆေးရုံသို့ ပို့ ဆောင် ကုသပေးနေစဉ်အတွင်း ဗုံးစထိမှန်သူ အမျိုးသ မီးတစ်ဦး စစ်ဆေးရုံ၌ ထပ်မံ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု လိုက်ပါကူညီခဲ့သည့် ပရဟိတသမား တစ်ဦးက ပြောသည်။

” ညတည်းက ဆုံးတာ ဖြစ်ဖို့များတယ်။ ကျွန်တော်တို့ဆီ သတင်းကတော့ ဒီမနက်မှ ဝင်တာ။ စစ်ဆေးရုံက တစ်ယောက်လည်း ဆုံးတယ်ဆိုပြီးတော့။ ဘယ်သူဘယ်ဝါဖြစ်တယ်တော့ မမေးလိုက်ရဘူး။ကျန်တဲ့သူတွေရဲ့အခြေ အနေကလည်း စောင့်ကြည့်ဆဲပါ” ဟု ၎င်းက ပြောသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါ ဗုံးပေါက်ကွဲမှုတွင် ထိခိုက်ဒဏ်ရာရသူ (၈) ဦးရှိခဲ့သည့်အနက် အမျိုးသမီး (၂) ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဇူလိုင်လ (၁၂) ရက်သည် ဗုဒ္ဓဘာသာတို့အထွဋ်အမြတ်ထားရာ ဝါဆိုလပြည့်နေ ဖြစ်ပြီး ယင်းနေ့တွင် ဖြစ်ပွားသည့် အဆိုပါဖြစ်စဉ်အပေါ် ပြစ်တင် ဝေဖန်မှုများလည်း မြင့်တက်နေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here