လာမည့်နှစ်တွင် အိန္ဒိယ၏လူဦးရေ တရုတ်ထက်ကျော်လွန်နိုင်

0
161

လာမည့်နှစ်တွင် အိန္ဒိယ၏လူဦးရေ တရုတ်ထက်ကျော်လွန်နိုင်

လာမည့် ၂၀၂၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏လူဦးရေသည် တရုတ်နိုင်ငံထက်ကျော်လွန်ကာ ကမ္ဘာ့လူဦးရေသည် ၈ ဘီလီယံခန့်အထိမြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။

တရုတ်သည်ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးနိုင်ငံအဖြစ်နှစ်ပေါင်းများစွာရပ်တည်ခဲ့ပြီး အိန္ဒိယသည် ဒုတိယလူဦးရေအများဆုံးနိုင်ငံအဖြစ်ရှိ​နေခဲ့သည်။သို့‌သော်လာမည့်နှစ်တွင် အိန္ဒိယသည် တရုတ်နိုင်ငံကိုကျော်ပြီး ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးနိုင်ငံဖြစ်လာမည်ဟု ကုလသမဂ္ဂ၏ အစီရင်ခံစာက ခန့်မှန်းထားသည်။

ကမ္ဘာ့နိုင်ငံအများအပြားတွင်လည်း သေဆုံးမှုနှေးကွေးခြင်းနှင့် မွေးဖွားနှုန်းမြင့်မားခြင်းတို့ကြောင့် စီးပွားရေးတိုးတက်မှုအတွက် ရုန်းကန်ရမည်ဟု ကုလသမဂ္ဂကသတိပေးထားသည်။

၂၀၁၁ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏လူဦးရေသည် ၁ ဒသမ ၂၁ ဘီလီယံအထိရှိခဲ့ပြီး ဆယ်နှစ်တစ်ကြိမ်သန်းခေါင်စာရင်းကောက်ယူလေ့ရှိကြောင်းသိရှိရသည်။သို့သော် ၂၀၁၁ ခုနှစ်နောက်ပိုင်းအတွက်စာရင်းကောက်ယူရမည့်နှစ်တွင် ကပ်ရောဂါကြောင့်မကောက်ခဲ့ရသဖြင့် လူဦးရေတိုးတက်မှုကိုမကြေငြာနိုင်ခဲ့ပေ။

World Population Prospects ၏ ၂၀၁၉ ခုနှစ်ဒေတာများအ‌ပေါ်အခြေခံ၍ တွက်ချက်မှုအရ တရုတ်နိုင်ငံ၏ ၂၀၂၂ လူဦးရေသည် ၁ ဒသမ ၄၄၈ ဘီလီယံခန့်ရှိပြီး အိန္ဒိယသည် ၁ ဒသမ ၄၀၆ ဘီလီယံဖြစ်သည်။

သို့သော် ယခုအချိန်၌ တရုတ်နိုင်ငံ၏လူဦးရေတိုးတက်မှု ၀ ဒသမ ၂၉ ရာခိုင်နှုန်း ဖြစ်​နေပြီး အိန္ဒိယသည် ၀ ဒသမ ၉၅ ရာခိုင်နှုန်းအထိရှိနေပြီဖြစ်သည်။ပြီးခဲ့သည့်နှစ်ကလည်း အိန္ဒိယသည် နိုင်ငံသားသစ် ၁၃ ဒသမ ၂ သန်းကျော်တိုးလာပြီး တရုတ်ကမူ ၄ ဒသမ ၂၅ သန်းသာတိုးလာခဲ့သည်။

အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင်တတိယလူဦးရေအများဆုံးဖြစ်ကာ စုစုပေါင်း ၃၃၄ ဒသမ ၈ မီလီယံခန့်ရှိပြီး အကြမ်းဖျင်းအားဖြင့် တရုတ်နိုင်ငံထက် ၄ ဒသမ ၃၃ ဆ နည်းပါးကာ အိန္ဒိယနိုင်ငံလူဦးရေထက် ၄ ဒသမ ၂ ဆ လျော့နည်းသည်။

ကိုဗစ်ကပ်ရောဂါသည် ကမ္ဘာ့လူဦးရေတိုးတက်မှုနှုန်းကို လျော့ကျစေခဲ့ပြီး အထူးသဖြင့်ရောဂါဒဏ်အပြင်းအထန်ခံစားရသော အိန္ဒိယလိုနိုင်ငံမျိုးတွင် ၂၀၂၀ နှင့် ၂၀၂၁ အကြား သေဆုံးသူ ၁၄ ဒသမ ၉ မီလီယံအထိရှိခဲ့ပြီး လူ့သက်တမ်းကိုလည်း ၇၂ နှစ်ကျော် ၇၃ နှစ်နီးပါးမှ ၇၁ နှစ်သက်တမ်းသို့ကျဆင်းစေခဲ့သည်။

နိုင်ငံပေါင်း ၆၁ နိုင်ငံသည် မွေးဖွားနှုန်းကျဆင်းမှုကြောင့် ၂၀၅၀ ခုနှစ်အထိလာမည့်ဆယ်စုနှစ်များအတွင်း လူဦးရေအနည်းဆုံး ၁ ရာခိုင်နှုန်းကျဆင်းမည်ဟု ခန့်မှန်းထားသော်လည်း အချို့သောဒေသများသည် မွေးဖွားနှုန်းလျင်မြန်စွာတိုးတက်လျက်ရှိနေသည်။လက်ရှိတွင် လက်ဘနွန်နှင့် လစ်သူယေးနီးယားတို့သာ ၁ ရာခိုင်နှုန်းကျော် ကျဆင်းနေသည်။

ယခုနှစ်မှစ၍ ၂၀၅၀ ပြည့်နှစ်အထိ ကမ္ဘာ့လူဦးရေတိုးလာမူတွင်တဝက်ခန့်က နိုင်ငံပေါင်း ၈ နိုင်ငံ​ကြောင့်သာဖြစ်လိမ့်မည်ဟု ကုလသမဂ္ဂကခန့်မှန်းထားသည်။ယင်းနိုင်ငံများမှာ ကွန်ဂို၊ အီဂျစ်၊ အီသီယိုးပီးယား၊ အိန္ဒိယ၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နှင့်တန်ဇန်းနီးယားတို့ဖြစ်ကြသည်။

ထိုင်းနိုင်ငံတွင်လည်း ယခုနှစ်တွင် လူဦးရေ ၇၀ မီလီယံကိုကျော်လွန်နိုင်ကြောင်းခန့်မှန်းထားသည်။၂၀၂၁ ခုနှစ်တရားဝင်ကြေငြာချက်အရ ၆၆ ဒသမ ၁ မီလီယံရှိသည်ဟုဆိုကာ ကမ္ဘာ့လူဦးရေခန့်မှန်းချက်အောက် ၃ မီလီယံခန့်လျော့နည်းသည်ဟုသိရှိရသည်။

Source – Bangkok Post

 


LEAVE A REPLY

Please enter your comment!
Please enter your name here