လောင်းလုံမြို့နယ်တွင် ပြည်ခိုင်ဖြိုး ပါတီဝင် (၁) ဦး ပစ်သတ်ခံရ၍ သေဆုံး

0
318

လောင်းလုံမြို့နယ်တွင် ပြည်ခိုင်ဖြိုး ပါတီဝင် (၁) ဦး ပစ်သတ်ခံရ၍ သေဆုံး

တနင်္သာရီတိုင်း ဒေသကြီး၊ လောင်းလုံးမြို့နယ် ၊ ကျောက်ဆင်ကျေးရွာအုပ်စု၊ ကရင်ကြီးကျေးရွာမှ ပြည်ခိုင်ဖြိုးပါ တီဝင် အမျိုးသားတစ်ဦး ယနေ့ နံနက် အစောပိုင်းတွင် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူသည် ယနေ့ ဇူလိုင်လ (၁၃) ရက် နံနက် (၅) နာ ရီဝန်းကျင်တွင် လောင်းလုံမြို့နယ်၊ သဘော့ဆိပ်ကျေးရွာ ကမ်းနားဈေးတွင် ဟင်းသီးဟင်းရွက် ရောင်းချရန် မိသား စုဝင်များနှင့် ပြင်ဆင်နေစဉ် သေနတ်သမားများ ရောက်ရှိလာကာ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံသတင်း ရင်း မြစ်များ ထံမှ သိရသည်။

” ဈေးသွားရောင်း တုန်း အပစ်ခံရတာ။ သူက အုပ်ကြီးတပည့်လည်း ဟုတ်တယ်။ ကြံ့ဖွံ့ပါတီဝင်လည်း ဖြစ်တယ်။ ဒလန်လုပ်လို့ ပစ်သတ်ခံရတာပါ” ဟု ကျောက်ဆင်ကျေး ရွာမှ ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

သေဆုံးသူသည် အသက် (၅၀) အရွယ်ရှိ ဦးမောင်ဝင်း ဆိုသူ ဖြစ်ပြီး ဇနီးသည်အပါအဝင် သမီး (၂) ဦးနှင့် သဘော့ဆိပ်ဈေးတွင် ဈေးဗန်းခင်းနေစဉ် သေနတ်သမား (၂) ဦး က လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆို သည်။

သေဆုံးသူ၏ ရုပ်အလောင်းကို နံနက် (၇) နာရီဝန်းကျင်တွင် စစ်တပ်က ထားဝယ်ဆေးရုံသို့ ညီမဖြစ်သူ၏ အား ဖြင့် လာရောက်သယ်ဆောင်သွားပြီး မည်သည့်အဖွဲ့က ပစ်ခတ်သည်ကို မသိရှိရသေးကြောင်းလည်း မွန်းလွဲ (၃) နာရီဝန်းကျင်က ၎င်း၏ ပြောဆိုချက်အရ သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်သည် လက် ရှိတွင် စစ်တပ်နှင့် ပြည်သူ့စစ်များ စိုးမိုးထားသည့် မြို့နယ်တစ်ခုဖြစ်ပြီး ညပိုင်း ကင်းလှည့်ခြင်း ၊ လူသစ်စုဆောင်းခြင်းများ၊ စစ်တပ်ထောက်ခံသူ များအား စစ်သင်တန်းပေးခြင်းတို့ကို လုပ်ဆောင်နေကြောင်းလည်း ဒေသခံများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here