ချမ်းအေးသာစံမြို့နယ်ရှိ နေ့ကလေးထိန်းကျောင်းရှေ့၌ လက်လုပ်မိုင်းအတုတစ်လုံးတွေ့ရှိ

0
62

ချမ်းအေးသာစံမြို့နယ်ရှိ နေ့ကလေးထိန်းကျောင်းရှေ့၌ လက်လုပ်မိုင်းအတုတစ်လုံးတွေ့ရှိ

မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်၊ ၈၉ လမ်း၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြားရှိ ဒေးဝန်းအစိုးရနေ့ကလေးထိန်းကျောင်းရှေ့တွင် ဇူလိုင် ၁၃ ရက်(ယနေ့)နေ့လည် ၁ နာရီကျော်ခန့်က တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ဒေးဝန်းအစိုးရနေကလေးထိန်းကျောင်းရှေ့ရှိ ညောင်ပင်အနီး၌ အနက်ရောက်အိတ်ဖြင့်ပတ်ထားသည့် လက်လုပ်မိုင်းဟုယူဆရသည့် အထုတ်တစ်ထုတ်တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့ဝင်များက လာရောက်စစ်ဆေးခဲ့ကြသည်။

ထို့နောက် လုံခြုံရေးအဖွဲ့ဝင်များမှ စစ်မြေပြင်အင်ဂျင်နီယာအဖွဲ့များနှင့်ပူးပေါင်း၍ ၈၉ လမ်းအား ယာယီပိတ်ဆို့၍ အထုတ်အားဖယ်ရှားရှင်း လင်းရန် ပြုလုပ်ခဲ့ကြသည်။

“လမ်းကို အသွားအလာပိတ်လိုက်ပြီး စစ်ဆေးတယ် နောက်ရှင်းလင်းတဲ့အခါကြတော့ လက်လုပ်မိုငိးပုံစံလုပ်ထားတဲ့ လက်လုပ်မိုင်းအတုဖြစ်နေပါတယ် ပြည်သူတွေထိတ်လန့်အောင်လုပ်တာဖြစ်မယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

အဆိုပါ ဖြစ်စဥ်မှလက်လုပ်မိုင်းအတုလာထားသူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

> Daw Thet Wai:
🖼 Photo


LEAVE A REPLY

Please enter your comment!
Please enter your name here