ဆုန်ခရာခရိုင်၌ မြန်မာနိုင်ငံသားအလုပ်သမားများစီးလာသည့်ကားအား ကုန်တင်ကားမှဝင်တိုက် ၁ ဦးသေဆုံး ၁၀ ဦးဒဏ်ရာရ

0
220

ဆုန်ခရာခရိုင်၌ မြန်မာနိုင်ငံသားအလုပ်သမားများစီးလာသည့်ကားအား ကုန်တင်ကားမှဝင်တိုက် ၁ ဦးသေဆုံး ၁၀ ဦးဒဏ်ရာရ

ထိုင်းနိုင်ငံ၊ဆုန်ခရာခရိုင်၊ဆဒေါင်းမြို့နယ်ရှိ ရာ ဘာစက်ရုံရှေ့တွင် မြန်မာနိုငင်ံသားအလုပ်သမားများစီးလာသည့်ကားအား ကုန်တင်ကားမှ ဇူလိုင် ၁၂ ရက်ညပိုင်းကဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့ည ၇ နာရီကျော်ခန့်က မြန်မာအလုပ်သ မားများစီးလာသည့် ဟိုင်းလပ်ကားသည် အခင်းဖြင်နေရာ ရာဘာစက်ရုံရှေ့၌ ကားကွေ့ရန်ပြုလုပ်စဥ် ကုန်တင်ကားမှဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီး ဟိုင်းလပ်ကားမှာမြောင်းအတွင်းသို့ထိုးကျသွားခဲ့ကြောင်း သိရသည်။

ဟိုင်းလပ်ကား၏ ညာဘက်ခြမ်းအား ကုန်တင်ကားမှဝင်တိုက်မိခဲ့သဖြင့် မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦးမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“လတ်တလောကျွန်တော်တို့လုပ်နိုင်တာမှန်သမျှကိုလိုက်လုပ်ပေးနေတယ် သေသွားတဲ့အမျိုးသမီးက မြန်မာနိုငိငံရဲ့ဘယ်နေရာမှနေတယ်ဆိုတာသိရဖို့နဲ့သူ့မိသားစုဝင်ဆီအကြောင်းကြားနိုင်ဖို့ကို ချိတ်ဆက်လုပ်ဆောင်နေပါတယ်”ဟုထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် အလုပ်သမား ၁၀ ဦးမှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ဘန်ဒေဘီစာဆေးရုံနှင့်ဆဒေါင်းဆေးရုံတို့သို့ ဆေးကုသမှုခံယူရန်ပို့ ဆောင်ခဲ့ပြီး ဒဏ်ရာရရှိသူများအနက် ၄ ဦးမှာစိုးရိမ်ရသည့် အနေအထားရှိကြောင်း သိရသည်။

ဖြစ်စဥ်မှ ကားမောင်းသူ ၂ ဦးအား ဆဒေါင်းမြို့ရဲစခန်းမှ စစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး CCTV မှတ်တမ်းများကိုလည်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here