(၃) ရက်အတွင်း ခရီးသည်တင်ယာဉ် (၃)စီး မိုင်းခွဲခံရ၊ ခရီးသည် (၂) ဦးသေဆုံးကာ (၂၀) ကျော် ဒဏ်ရာရ

0
223

(၃) ရက်အတွင်း ခရီးသည်တင်ယာဉ် (၃)စီး မိုင်းခွဲခံရ၊ ခရီးသည် (၂) ဦးသေဆုံးကာ (၂၀) ကျော် ဒဏ်ရာရ


ဇူလိုင်လ (၁၁) ရက်မှ (၁၃) ရက်အထိ (၃) ရက်အတွင်း ခရီးသည်တင်ယာဉ် (၃) စီး မိုင်းခွဲတိုက် ခိုက်ခံရသည့် အတွက် ခရီးသည် (၂) ဦး သေဆုံးကာ ခရီး သည် (၂၀) ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ (၁၁) ရက်မှ (၁၃) ရက်တို့တွင် တနင်္သာရီတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် ခရီးသည် တင်ယာဉ် (၃) စီး မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

ဇူလိုင်လ (၁၃) ရက် နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှ ထားဝယ်မြို့သို့ ဦးအောင်ကိုဦး (ဘ)ဦးအောင် မောင်းနှင်ရာ ခရီးသည် ၂၀ ဦး လိုက်ပါလာသည့် ရွှေဝယ်မင်း ခရီးသည်တင် မော်တော်ယာဉ်သည် ပုလောမြို့၏တောင်ဘက် မီတာ ၃၀၀၀ ခန့်အကွာ ထားဝယ် – မြိတ်သွားကားလမ်း မိုင်တိုင်အမှတ်(၁၀၁/၁)နှင့်(၁၀၁/၂) အကြားတွင် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ယာဉ်မောင်း အပါအဝင် ခရီးသည် (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် ပုလောမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

ဇူလိုင်လ (၁၁) ရက် ညပိုင်းက မုံရွာမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် ရွှေသလ္လာ ခရီးသည်တင်ယာဉ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေး ရွာအနီး မုံရွာ-မန္တလေး ကားလမ်း မိုင်တိုင်အမှတ် ၇၁/၂ နှင့် ၇၁/၃ အကြားတွင် မိုင်းခွဲတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ် သည်။

အဆိုပါမိုင်းပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်တစ်ဦး သေဆုံးကာ ခရီးသည် (၁၂) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည့်အတွက် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

ထို့အပြင် ဇူလိုင်လ (၁၂) ရက် နံနက်ပိုင်းတွင်လည်း မြစ်ကြီးနားမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် ခရီး သည်တင်ယာဉ်တစ်စီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ နယ်၊ ဘောကျေးရွာအနီး ရွှေဘို – မြစ်ကြီးနားကားလမ်းဘေးရှိ ယာဉ်စစ်ဆေးရေးဂိတ်၌ စစ်ဆေးမှုခံယူနေစဉ် လက်လုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်

အဆိုပါ ပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်ဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဆည်ကုန်းကျေးရွာနေ မစောဖြူဌေး(၂၆)နှစ် (ဘ) ဦးသိန်းနိုင်တွင် မိုင်းစထိမှန် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ခရီးသည် (၇) ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ရွှေဘိုမြို့နယ်ပြည်သူဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

ထိုကဲ့သို့ စစ်ရေးပစ်မှတ် မဟုတ်သည့် လမ်းမကြီးပေါ်တွင် သွားလာနေသည့် ခရီးသည်တင် မော်တော်ယာဉ်များကို မိုင်းခွဲတိုက်ခိုက်မှု ကျူးလွန်ခဲ့သူများအား ဖော် ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here