လမ်းမတော်တွင် အနုကြမ်းစီးမှု ဖြစ်ပွားသည်ဆိုသည့်သတင်းမဟုတ်မှန်ဘဲ တောင်အာဖရိကနိုင်ငံသူ၏ အခန်းသို့လာကပ်သည့် မသင်္ကာသူ (၂) ဦးကို ဝိုင်းဖမ်းခြင်းသာဖြစ်

0
261
လမ်းမတော်တွင် အနုကြမ်းစီးမှု ဖြစ်ပွားသည်ဆိုသည့်သတင်းမဟုတ်မှန်ဘဲ တောင်အာဖရိကနိုင်ငံသူ၏ အခန်းသို့လာကပ်သည့် မသင်္ကာသူ (၂) ဦးကို ဝိုင်းဖမ်းခြင်းသာဖြစ်
ဇူလိုင်လ (၁၃)ရက် ညနေပိုင်းက လမ်းမတော်မြို့နယ်တွင် အနုကြမ်း စီးမှု ဖြစ်ပွားခဲ့သည်ဆိုသည့် သတင်းမှာ မဟုတ်မှန်ဘဲ မသင်္ကာသူ (၂) ဦးမှ တောင်အာဖရိကနိုင်ငံသူ ငှားရမ်းနေ ထိုင်သည့် အိမ်ခန်းသို့ လာကပ်သည့်အတွက် အကူအညီတောင်းခံခြင်းသာ ဖြစ်ကြောင်း သိရသည်။
ဇူလိုင်လ (၁၃) ရက် ညနေ (၅) နာရီဝန်းကျင်အချိန်ခန့်က လမ်းမတော် မြို့နယ် ၊ (၃) ရပ်ကွက်၊ အ‌‌ နော်ရထာလမ်း ၊ အိမ်အမှတ် (၂၆၇) (၉)လွှာရှိ တောင်အာဖရိကနိုင် ငံသူ ငှားရမ်းနေထိုင်သည့် အခန်းတွင် ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အခင်း ဖြစ်ပွားရာနေရာသို့ လမ်းမတော်မြို့နယ် ရဲတပ်ဖွဲ့မှူးအဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခန်းတွင် နေထိုင်သည့် တောင်အာဖရိက နိုင်ငံသူသည် အင်္ဂလိပ်စကားပြောသင်ကြားသူ ဖြစ်ပြီး ယခုအခန်းအား မြန်မာနိုင်ငံသား တစ်ဦးထံမှ တစ်လလျင် (၃) သိန်းကျပ်ဖြင့် ငှားရမ်းနေ ထိုင်ခြင်း ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ ညနေပိုင်းတွင် အာဖရိကနိုင်ငံသူ တစ်ဦးတည်းရှိနေစဉ် မသင်္ကာဖွယ် အမျိုးသား (၂) ဦးက နေအိမ်မှန်တံ ခါးသို့ လာကပ်သည့်အတွက် ပတ်ဝန်းကျင်သို့ အော်ဟစ် အကူညီတောင်း တောင်းခံခဲ့သည့်အတွက် ပတ်ဝန်းကျင်မှ ဝိုင်းဝန်း အော်ဟစ်ဖမ်းဆီးခဲ့ရာ အဆိုပါ မသင်္ကာသူ (၂) ဦးမှာ ထွက်ပြေးသွားကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ အာဖရိကနိုင်ငံသူ၏ Passport နှင့် Visa များကို မြို့နယ် လဝက နှင့် ပူးပေါင်း စစ်ဆေးနေကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here