ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်ကာ မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၁၇ လုံးအားရွေ့ပြောင်းပေးခဲ့ရ

0
223

ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်ကာ မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၁၇ လုံးအားရွေ့ပြောင်းပေးခဲ့ရ

ဧရာဝတီတိုင်း၊ပန်းတနော်မြို့နယ်၌ ဇူလိုင် ၁၃ ရက်နံနက်ပိုင်းမှစတင်၍ ဧရာဝတီမြစ်ရေမြင့်တက်ကာ မြစ်ကမ်းပါးပြိုကျမှုများဖြစ်ပေါ်ခဲ့သည်ဟု ပန်းတနော်မြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းများမှ သိရသည်။

ထိုသို့ မြစ်ကမ်းပါးပြိုကျမှုများကြောင့် တောကျောင်းကျေးရွာအုပ်စုရှိ မြစ်ကမ်းပါးနှင့်နီးသည့် နေအိမ်များတွင် နေထိုင်သူများအား မီးသတ်တပ် ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များမှ ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

တောကျောင်းကျေးရွာအုပ်စုရှိ ကျောင်းတော်က လေးကျေးရွာမှ နေအိမ် ၅ လုံး၊နံဂါတ်ရိုးကျေး ရွာမှ နေအိမ် ၁ လုံး၊နံဂါတ်ကျေးရွာမှ နေအိမ် ၁၁ လုံး (စုစုပေါင်းနေအိမ် ၁၇ လုံး)တွင်နေထိုင်သည့် လူဦးရေ ၆၉ ဦးအား ရွှေ့ပြောင်းပေးခဲ့ရသည်။

ထိုသို့ ရွှေ့ပြောင်းပေးရာတွင် နေအိမ်များအားဖျက်၍ရွှေ့ပြောင်းရခြင်းဖြစ်၍ မြစ်ကမ်းပါးနှင့်လွတ်ကင်းသည့် မြေကွက်လပ်များ၌ နေအိမ်များပြန်လည်ဆောက်လုပ်နိုင်ရန် တာဝန်ရှိသူများက ကူညီပေးခဲ့ကြကြောင်း သိရသည်။

နေအိမ်များဆောက်လုပ်နေစဥ် ရွှေ့ပြောင်းခဲ့ရသူ များအား ၎င်းတို့၏ဆွေမျိုးများနေအိမ်၌ယာယီပို့ဆောင်ပေးထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here