မူဆယ်မြို့တွင် ငွေကျပ်သိန်း ၂၁၀၀ တန်ဖိုးရှိ ဘိန်းဖြူဘလောက် တုံး ၆၀ တုံးဖမ်းဆီးရမိ

0
286

မူဆယ်မြို့တွင် ငွေကျပ်သိန်း ၂၁၀၀ တန်ဖိုးရှိ ဘိန်းဖြူဘလောက် တုံး ၆၀ တုံးဖမ်းဆီးရမိ

ရှမ်းပြည်(မြောက်ပိုင်း)၊မူဆယ်မြို့တွင် ငွေကျပ်သိန်း ၂၁၀၀ တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၆၀ တုံးအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဇူလိုင် ၁၀ ရက်မွန်းတည့်ပိုင်းက ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့မွန်းတည့် ၁၂ နာရီက မူဆယ်မြို့၊မူဆယ် -နမ့်ခမ်းသွားကားလမ်း၊အမှတ်(၂)မြေနီကားကွင်းရှေ့တွင် ပန်ခမ်းရွာဘက်မှမူဆယ်မြို့ဘက်သို့ မရန်ပိန်းကျောင်း(ခ)အားကျောင်း မောင်းလာသည့်ဆိုင်ကယ်အား သတင်းအရတားဆီးစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ ဆိုင်ကယ်ရှေ့ခွကြားရှိ စက္ကူပုံးအတွင်းမှ ငွေကျပ်သိန်း ၂၁၀၀ တန်ဖိုးရှိ ဘိန်းဖြူ ဘလောက်တုံး ၆၀ တုံး(အလေးချိန် ၂၁ ကီလို) အား သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ဘိန်းဖြူများအား မူဆယ်မြို့နယ်၊ပန်ခမ်းကျေးရွာမှစွမ်စော်ရပ်ကွက်သို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။

ထို့ကြောင့် မရန်ပိန်းကျောင်း(ခ)အားကျောင်းအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here