သက်တမ်း ၂၂နှစ်ရှိ ကမ္ဘာ့အကြီးဆုံး ပုဂ္ဂလိက ပရဟိတ ဖောင်ဒေးရှင်း တွင်ဒေါ်လာ ၇၀ဘီလီယံ ရှိ

0
131

သက်တမ်း ၂၂နှစ်ရှိ ကမ္ဘာ့အကြီးဆုံး ပုဂ္ဂလိက ပရဟိတ ဖောင်ဒေးရှင်း တွင်ဒေါ်လာ ၇၀ဘီလီယံ ရှိ

နည်းပညာဆော့ဖ်ဝဲလ်ကုမ္ပဏီကြီး မိုက်ခရိုဆော့ဖ် ကော်ပိုရေးရှင်းအား ပူးတွဲတည်ထောင်သူ ဘီလျံနာသူဌေးကြီး ဘီလ်ဂိတ်သည် သူနှင့် သူ၏ဇနီးဟောင်း မယ်လင်ဒါ ဖရန့်ချ် ဂိတ်တို့ ဦးစီးသော ပရဟိတဖောင်ဒေးရှင်းသို့ ဒေါ်လာ ၂၀ ဘီလီယံကို လှူဒါန်းခဲ့သည်။

အဆိုပါ လှူဒါန်းမှုသည် ကမ္ဘာ့အကြီးဆုံး ပုဂ္ဂလိက ပရဟိတဖောင်ဒေးရှင်းများထဲမှ တစ်ခုဖြစ်သည့် ဘီလ်နှင့် မယ်လင်ဒါဂိတ် ဖောင်ဒေးရှင်း(Bill & Melinda Gates Foundation)အ​နေဖြင့် ၂၀၂၆ ခုနှစ်မှစ၍ တစ်နှစ်လျှင် လှူဒါန်းရန် ငွေပမာဏ ၉ ဘီလီယံ၊ (ယခင်ထက် ၅၀ ရာခိုင်နှုန်း တိုးထုတ်​ပေးကာ)ကူညီနိုင်မည်ဖြစ်ကြောင်း ဘေလ်ဂိတ်က ၎င်း၏ ကိုယ်ပိုင်ဘလော့တွင် ဗုဒ္ဓဟူးနေ့၌ ရေးသားခဲ့သည်။

ဘီလ်ဂိတ်က ကိုဗစ်-၁၉ ကပ်ရောဂါ၊ ရုရှား-ယူကရိန်းအရေးအခင်း၊ ရာသီဥတု ပြောင်းလဲမှု နှင့် အခြားကိစ္စများကို ရည်ညွှန်း၍ “ယခုလက်ရှိ ဖြစ်ပွားနေတဲ့ အကျပ်အတည်းတွေကြောင့် ကျွန်တော်တို့ အရင်ကထက် ပိုအားစိုက်ထုတ်ဖို့ လိုအပ်နေတယ်” ဟု ရေးသားခဲ့သည်။

ငွေကြေးဖောင်းပွလာခြင်းအပါအဝင် အထက်ပါ အကျပ်အတည်းများ၏ စုပေါင်းအကျိုးသက်ရောက်မှုများကြောင့် ဖောင်ဒေးရှင်း၏ အဓိကအားစိုက်ထုတ်ရာ နယ်ပယ်များဖြစ်သည့် ကျန်းမာရေး၊ ပညာရေး၊ ကျားမတန်းတူညီမျှရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့တွင် ပိုမိုရင်းနှီးမြုပ်နှံရန် လိုအပ်လာကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ပြီးခဲ့သည့်လ၌ သူဌေးကြီးး ဝါရင်ဘာဖက်တ် လှူဒါန်းခဲ့သည့် ဒေါ်လာ ၃ ဘီလီယံ အပါအဝင် ယခု ဘီလ်ဂိတ်၏ လှူဒါန်းမှုကြောင့် အဆိုပါ အဖွဲ့အစည်း၏ အလှူငွေသည် ဒေါ်လာ ၇၀ ဘီလီယံအထိ ရှိလာကြောင်း သိရသည်။

အဆိုပါ ဘီလ်နှင့် မယ်လင်ဒါဂိတ် ဖောင်ဒေးရှင်း အဖွဲ့အစည်းကို ၂၀၀၀ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့သဖြင့် သက်တမ်း ၂၂ နှစ်ကြာမြင့်နေပြီဖြစ်သည်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here