အုတ်တွင်းမြို့တွင် မိခင်ဖြစ်သူသတ်ဖြတ်ခံရပြီး အသက်မပြည့်သေးသည့် သမီးဖြစ်သူအဓမ္မပြုကျင့်ခံရမှု ယနေ့နံနက်ပိုင်းကဖြစ်ပွားခဲ့

0
116

အုတ်တွင်းမြို့တွင် မိခင်ဖြစ်သူသတ်ဖြတ်ခံရပြီး အသက်မပြည့်သေးသည့် သမီးဖြစ်သူအဓမ္မပြုကျင့်ခံရမှု ယနေ့နံနက်ပိုင်းကဖြစ်ပွားခဲ့

ပဲခူးတိုင်း၊အုတ်တွင်းမြို့၊သကြားစက်အနီးရှိ သီဟိုခြံအတွင်း၌ မိခင်ဖြစ်သူသတ်ဖြတ်ခံရပြီး အ သက်မပြည့်သေးသည့် သမီးဖြစ်သူအဓမ္မပြုကျင့်ခံခဲ့ရမှု ဇူလိုင်၁၄ ရက်(ယနေ့)နံနက်ပိုင်းကဖြစ်ပွားခဲ့ကြောင်း ရင်ခုန်သံရှင်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)မှသိရသည်။

သီဟိုခြံအတွင်း အသက်(၄၀)နှစ်ကျော်ခန့်ရှိ အ မျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့်လဲနေကြောင်း သတင်းအရ ရင်ခုန်သံရှင်ရေးကူညီမှုအသင်း (အုတ်တွင်းမြို့)မှ အုတ်တွင်းမြို့မရဲစခန်းသို့ အ ကြောင်းကြားကာ သွားရောက်ကူညီခဲ့ကြသည်။

ထိုသို့ သွားရောက်ကူညီရာ အခင်းဖြစ်နေရာ၌ လဲကျနေသည့် အမျိုးသမီးသည် လည်ပင်းပြတ်ရှ၊ဝမ်းဗိုက်ပွင့်ဒဏ်ရာများဖြင့်သေဆုံးနေခြင်းဖြစ်ပြီး ၎င်းနှင့်အတူပါလာသည့် ကလေးငယ်မိန်းကလေးတစ်ဦးလည်း ပျောက်ဆုံးနေကြောင်း သိရသဖြင့် ရှာဖွေခဲ့ကြကြောင်း သိရသည်။

“ဖုန်းသတင်းရတဲ့အချိန်က ၉ နာရီခွဲကျော်လောက်ရှိပြီ အခင်းဖြစ်တဲ့အချိန်ကိုတော့မသိပါဘူး အဲဒီကိုရောက်တဲ့အချိန် မိခင်ဖြစ်တဲ့သူက တော့သေနေပြီ သူနဲ့အတူပါလာတဲ့ကလေးမ‌ လေးပျောက်နေတယ်ဆိုလို့လိုက်ရှာတဲ့အချိန်မှာ ပြန်တွေ့ခဲ့ပါတယ် ကလေးမလေးက အသက် ၁၃ နှစ်ပဲရှိသေးတယ်”ဟု ရင်ခုန်သံရှင်ရေးကူညီမှုအ သင်း(အုတ်တွင်းမြို့)၏တာဝန်ရှိသူကပြော သည်။

မိန်းကလေးငယ်၏ ပြောကြားချက်အရ မိခင်ဖြစ်သူနှင့်မိန်းကလေးငယ်တို့သည် အကြွေးတောင်းရန်သွားစဥ် သကြားစက်အနီးရှိ သီဟိုခြံအနီးအရောက်လူချင်းကွဲသွားကာ ၎င်းထံသို့ မျက်နှာအားအဝတ်စီးထားသည့် အမျိုးသား ၂ ဦးရောက်ရှိလာကာ မိခင်ဖြစ်သူအားမေးမြန်း၍ မိန်းက လေးငယ်အား ကြိုးတုတ်ရိုက်နှက်ပြီး အဓမ္မပြုကျင့်ခံခဲ့ရကာ သတိလစ်သွားခဲ့သည်ဟု သိရသည်။

“ကလေးမလေးပြောပုံအရတော့ သူသတိလစ်သွားတဲ့အတွက် သူ့အမေအသတ်ခံရတာကိုမသိလိုက်ဘူးလို့ပြောတယ် အခုတော့သူ့အမေအ သတ်ခံရတာကိုသိသွားပါပြီ”ဟု ရင်ခုန်သံရှင်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)၏ တာဝန်ရှိသူကပြောသည်။

ထို့ကြောင့် သေဆုံးသူအမျိုးသမီး၏ ရုပ်အ လောင်းနှင့်အဓမ္မပြုကျင့်ခံရသည့် မိန်းကလေးငယ်တို့အား ကမ်းမဲ့လက်များပရဟိတအသင်းကားဖြင့် အုတ်တွင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“အခု ကလေးမလေးကိုတော့ အုတ်တွင်းဆေးရုံကနေ တောင်ငူဆေးရုံကို ကျွန်တော်တို့အသင်းကားနဲ့ပို့ပေးထားပါတယ် သေဆုံးသွားတဲ့အမျိုးသမီးက တော့ အုတ်တွင်းဆေးရုံက ရင်ခွဲရုံမှာပါ”ဟု ရင်ခုန်သံရှင်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)၏ တာ ဝန်ရှိသူကပြောသည်။

အဆိုပါ ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်း ဆီးရမိရေးအတွင် အုတ်တွင်းမြို့မရဲစခန်းမှ အမှုဖွင့်ကာစုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Photo-ရင်ခုန်သံရှင်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)

 


LEAVE A REPLY

Please enter your comment!
Please enter your name here