ဗြိတိန် ကွန်ဆာဗေးတစ်ပါတီ​ခေါင်း​ဆောင်နှင့်ဝန်ကြီးချုပ်အဖြစ် “တစ်” ပြေးနေသည့် ရီရှီဆူးနက်ခ်

0
175

ဗြိတိန် ကွန်ဆာဗေးတစ်ပါတီ​ခေါင်း​ဆောင်နှင့်ဝန်ကြီးချုပ်အဖြစ် “တစ်” ပြေးနေသည့် ရီရှီဆူးနက်ခ်

အင်္ဂလန်၊ဇူလိုင် ၁၃

အင်္ဂလန်ဝန်ကြီးချုပ်အသစ် ဖြစ်နိုင်ခြေအရှိဆုံးဟု ကျော်ကြားသော ဘဏ္ဍာရေးဝန်ကြီးဟောင်း ရီရှီဆူးနက်ခ်သည် ကွန်ဆာဗေးတစ်ပါတီတွင်း ပထမအကျော့မဲပေးမှုတွင် ထိပ်ဆုံးမှရပ်တည်နေသည်။၎င်းသည်ထောက်ခံမဲ ၈၈ မဲဖြင့် ဝန်ကြီးချုပ်ဖြစ်နိုင်​ချေထိပ်ဆုံးကရပ်တည်နေခြင်းဖြစ်သည်။သူ၏အဖိုးအဖွားမှာ အိန္ဒိယနိုင်ငံသား၊သူ၏အ​ဖေက ကင်ညာ​တွင်မွေးပြီးကြီးပြင်းခဲ့သူ အိန္ဒိယလူမျိုး၊အ​မေက တန်ဇန်းနီးယား​တွင်မွေးသည့် အိန္ဒိယလူမျိုး၊သူ ကအင်္ဂလန်​တောင်ပိုင်း တွင်​မွေးဖွားပြီး အင်္ဂလန်နိုင်ငံသားခံယူထားသည်။

၎င်းနောက်တွင် ကွန်ဆာဗေးတစ်အမတ် ၆၇ ဦး၏ ထောက်ခံမှုဖြင့် ဒုတိယနေရာမှ Penny Morduant ကလိုက်နေသည်။ ပထမအကြိမ်မဲပေးမှုတွင် ကိုယ်စားလှယ်လောင်းနှစ်ဦးဖြစ်သည့် Nadhim Zahawi နှင့် Jeremy Hunt တို့ကပြုတ်ကျန်ခဲ့သည်။

Rishi Sunak ၊ Kemi Badenoch ၊ Suella Braverman ၊ Penny Mordaunt ၊ Liz Truss ၊ Tom Tugendhat စသည့် ကိုယ်စားလှယ်လောင်းခြောက်ဦးသည် ပါတီခေါင်းဆောင်နေရာနှင့် ဘောရစ်ဂျွန်ဆင်၏ နေရာကိုဆက်ခံရန် ယှဉ်ပြိုင်နေဆဲဖြစ်သည်။

ကွန်ဆာဗေးတစ်ပါတီအတွင်း ခေါင်းဆောင်ရွေးချယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အနိုင်ရရှိသူသည် ဝန်ကြီးချုပ်ဂျွန်ဆင်၏နေရာကို ဆက်ခံရမည်ဖြစ်သည်။ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်မှုကို ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် ဒုတိယအကြိမ်‌ရွေးချယ်ပွဲသို့ တက်လှမ်းနိုင်ရန် ကွန်ဆာဗေးတစ်အမတ် အနည်းဆုံး ၃၀ ဦး၏ ထောက်ခံမှုကိုရယူရမည်ဖြစ်သည်။၎င်းပါတီသည် လွှတ်တော်တွင် အမတ်နေရာပေါင်း ၃၅၈ နေရာရှိသည်။

ဗုဒ္ဓဟူးနေ့မဲပေးမှုတွင် နိုင်ငံခြားရေးဝန်ကြီး Liz Truss သည် ပါလီမန်အမတ် ၅၀ ၏ ထောက်ခံမှုဖြင့် တတိယနေရာတွင် ရပ်တည်နေပြီး Kemi Badenoch က ၄၀ မဲ၊ Tom Tugendhat က ၃၇ မဲနှင့် Suella Braverman က ၃၂ မဲ စသည်ဖြင့်အသီးသီးရရှိခဲ့ကြသည်။

နောက်ကြောင်းပြန် အရှုပ်တော်ပုံများကြောင့် ဂျွန်ဆင် ၏အစိုးရပုံရိပ်သည် ပြင်းထန်စွာထိုးနှက်ခံနေရပြီးနောက် ဝန်ကြီးချုပ်သည်ရာထူးမှနုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ရီရှီဆူးနက်ခ်သည်လည်း ဘောရစ်ဂျွန်ဆင် မနှုတ်ထွက်မီ ၎င်း၏အစိုးရမှနုတ်ထွက်သည့်ရာထူးမြင့်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။

Source – Wio News


LEAVE A REPLY

Please enter your comment!
Please enter your name here