ယူကရိန်း စပါးတင်ပို့မှု သဘောတူညီချက်လက်မှတ်ရေးထိုး​တော့မည်

0
132

ယူကရိန်း စပါးတင်ပို့မှု သဘောတူညီချက်လက်မှတ်ရေးထိုး​တော့မည်

အစ္စတန်ဘူလ်၊ ဇူလိုင် ၁၃
ရုရှား စပါးနှင့် ဓာတ်မြေသြဇာများသည် ပိတ်ဆို့အရေးယူမှုတွင် မပါဝင်ဟု အမေရိကန်ကပြောကြားထားသည်။ထို့​ကြောင့်သင်္ဘောကုမ္ပဏီများနှင့် သွင်းကုန်နိုင်ငံများသို့ အာမခံချက်​ရေးပေးမည်ဟုဆိုသည်။

ရုရှား၊ ယူကရိန်း၊ တုကီယေးနှင့် ကုလသမဂ္ဂတို့သည် ပင်လယ်နက်ရှိ ယူကရိန်းဆိပ်ကမ်းများ၌ ပိတ်ဆို့ခံနေရသော စပါးတင်ပို့မှုကို ပြန်လည်စတင်ရန်အတွက် လာမည့်သီတင်းပတ်၌ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးမည် ဖြစ်သည်။

အဆိုပါ သဘောတူညီချက်၌ ဆိပ်ကမ်းများရှိ ကုန်စည် ပို့ဆောင်မည့် သင်္ဘောများစစ်ဆေးရေးကို ပူးတွဲထိန်းချုပ်ခြင်းနှင့် ပင်လယ်နက်၌ စပါးပို့ဆောင်ရေးလမ်းကြောင်းများ၏ ဘေးကင်းရေးကို တုကီယေးမှ တာဝန်ယူခြင်းတို့ ပါဝင်မည်ဟု တုကီယေး ကာကွယ်ရေးဝန်ကြီး ဟုလူစီ အကာချ်က ပြောကြားခဲ့သည်။

ထိုအပြင် တုကီယေးသည် ယူကရိန်း၊ ရုရှားနှင့် ကုလသမဂ္ဂတို့နှင့် ညှိနှိင်းရေးစင်တာတစ်ခုကို ထူထောင်သွားမည်ဖြစ်သည်။

ဗုဒ္ဓဟူးနေ့(မနေ့)က အစ္စတန်ဘူလ်၌ ဆွေးနွေးခဲ့သောထိုအစည်းဝေးပွဲအတွင်း အတားအဆီးအများစုကို ဆွေးနွေးဖြတ်ကျော်နိုင်ခဲ့သဖြင့် အစ္စတန်ဘူလ်ရှိ ၎င်းဆွေးနွေးပွဲသည် အောင်မြင်မှုတစ်ခု ဖြစ်ခဲ့သည်ဟု ၎င်းကဆိုသည်။

ရုရှားနှင့် ယူကရိန်း တို့သည် ကမ္ဘာ့အဓိက ဂျုံရောင်းချသူများဖြစ်ရာ နှစ်နိုင်ငံစလုံးမှ လယ်သမားများသည် ၂၀၂၂ ခုနှစ်အတွက် တင်ပို့ရန် ယခုလက်ရှိ ဂျုံသီးနှံပင်များကို ရိတ်သိမ်းလျက်ရှိသည်။

သို့သော် ယခုအခါ ယူကရိန်းသည် ပို့ကုန်များ ရပ်နားထားခြင်းကြောင့် သိုလှောင်ရန်နေရာ ရှားပါးနေသဖြင့် လာမည့်ရိတ်သိမ်းမှုတွင် အခက်အခဲများစွာ ကြုံတွေ့ရနိုင်သည်။

Source: Reuters

 


LEAVE A REPLY

Please enter your comment!
Please enter your name here