မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးမှ Mr. Peter Vowles မြန်မာနိုင်ငံမှပြန်လည်ထွက်ခွာသွားခြင်းနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ရှင်းလင်း

0
159

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးမှ Mr. Peter Vowles မြန်မာနိုင်ငံမှပြန်လည်ထွက်ခွာသွားခြင်းနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ရှင်းလင်း

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးမှ Mr. Peter Vowles သည် မြန်မာနိုင်ငံမှထွက်ခွာရသည့် အ ကြောင်းရင်းအား ၎င်း၏ တွစ်တာစာမျက်နှာတွင် ဇူလိုင် ၁၃ ရက်ကရေးသားဖော်ပြခဲ့ခြင်းနှင့်ပတ် သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖြစ်ရပ်မှန်နှင့်ကွဲလွဲလျက်ရှိသည်ကို တွေ့ရှိရသည်ဟုထုတ်ပြန်ရှင်းလင်းခဲ့သည်။

ဗြိတိန်အစိုးရမှ Mr. Peter Vowles အားမြန်မာ နိုင် ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသည့် ဗြိတိန်နိုင်ငံသံအမတ်ကြီးအဖြစ ခန့်အပ်ရန် ၂၀၂၁ ခုနှစ်၊ဧပြီ ၂၉ ရက်က အဆိုပြုခဲ့သဖြင့် မြန်မာအစိုးရမှ ၂၀၂၁ ခုနှစ်၊ဇွန် ၂၂ ရက်၌ သ ဘောတူညီကြောင်းပြန်ကြားခဲ့သည်။

ထို့ကြောင့် Mr. Peter Vowles သည် ၂၀၂၁ ခုနှစ်၊ဇူလိုင် ၂၉ ရက်တွင် မြန်မာနိုင်ငံသို့ စတင်ရောက်ရှိကာ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သူတစ်ဦးအနေဖြင့် သံတမန်လုပ်ထုံး လုပ်နည်းများနှင့်အညီ ၎င်း၏ခန့်အပ်လွှာမိတ္တူအား နိုင်ငံတော်အကြီးအကဲနှင့်နိုင်ငံခြားရေးဝန်ကြီးဌာနတို့သို့ ပေးအပ်ရန်အကြောင်းအမျိုးမျိုးပြ၍ ရှောင်လွဲနေသဖြင့် နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ဗြိတိန်နိုင်ငံဘက်သို့ Mr. Peter Vowles ၏ ပြည်ဝင်ဗီဇာအား ကန့်သတ်ခဲ့သည်ဟု နိုင်ငံခြား ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ ဗြိတိန်နိုင်ငံဘက်မှ Mr. Peter Vowles အား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအ ဖြစ် အဆိုပြုထားမှုအားရုပ်သိမ်းကာ ရန်ကုန်မြို့၊ ဗြိတိန်သံရုံး၏ သံရုံးယာယီတာဝန်ခံအဖြစ် ခန့် အပ်မည်ဖြစ်ကြောင်း ပြောင်းလဲအဆိုပြုခဲ့သည်။

အဆိုပါ အဆိုပြုမှုအား မြန်မာနိုင်ငံမှ ၎င်းအား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်၍ သံရုံးယာယီတာဝန်ခံခန့်အပ်မည်ဆိုပါက အခြားပုဂ္ဂိုလ်တစ်ဦးအား ပြန်လည်အဆိုပြုရန်အကြောင်းကြားခဲ့သည်။

ထို့နောက် Mr. Peter Vowles မှ ၎င်း၏ကိုယ်ပိုင် ပစ္စည်းများအားသိမ်းဆည်းရန် ၂၀၂၂ ခုနှစ်၊ဇွန် ၂၁ ရက်မှ ဇူလိုင် ၁၅ ရက်အထိ မြန်မာနိုင်ငံသို့ဝင်ရောက်လိုကြောင်း ဗြိတိန်နိုင်ငံဘက်မှ မေတ္တာရပ် ခံခဲ့၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ခွင့်ပြုပေးခဲ့သဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် Mr. Peter Vowles မြန်မာနိုင်ငံမှ ပြန် လည်ထွက်ခွာခဲ့ခြင်းသည် ၎င်း၏ပြည်ဝင် ဗီဇာသက်တမ်းမကုန်ဆုံးမီ ထွက်ခွာသွားခြင်းသာဖြစ် သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

အလားတူ Mr. Peter Vowles သည် ခန့်အပ်လွှာပေးအပ်ခြင်းမပြုဘဲ မြန်မာနိုင်ငံ၌သံအမတ်ကြီးအဖြစ် လာရောက်နေထိုင်လိုခြင်းဖြစ်ကာ ဗြိတိန် ဘက်မှ သံတမန်ကျင့်ထုံး၊ကျင့်ဝတ်တို့နှင့်အညီ ဆောင်ရွက်မှုမပြုခဲ့ခြင်းသာဖြစ်ပြီး မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံ အနေဖြင့် သံတမန်လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံမှပြန်လည်ထွက်ခွာသွားခဲ့ခြင်းသာဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်၌ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here