အမေရိကန်ကုမ္ပဏီများ မက္ကဆီကိုတွင် ရင်းနှီးမြှုပ်နှံမည်

0
112

အမေရိကန်ကုမ္ပဏီများ မက္ကဆီကိုတွင် ရင်းနှီးမြှုပ်နှံမည်

ဝါရှင်တန်၊ဇူလိုင် ၁၃

အမေရိကန်ကုမ္ပဏီများသည် ၂၀၂၄ ခုနှစ်အထိ မက္ကဆီကိုတွင် ဒေါ်လာဘီလီယံ ၄၀ အထိ ရင်းနှီးမြှုပ်နှံမည်ဟုသိရသည်။မက္ကဆီကိုသမ္မတ Lopez Obrador နှင့် အမေရိကန်သမ္မတဂျိုးဘိုင်ဒင် တို့တွေ့ဆုံမှုအပြီး ယခုသတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

ဗုဒ္ဓဟူးနေ့ကကျင်းပခဲ့သော မက္ကဆီကို – အမေရိကန် အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးတွင် ​ဆွေး​နွေးခဲ့ကြသည်ဟုဆိုသည်။

မက္ကဆီကိုသမ္မတLopez နဲ့ နိုင်ငံခြား​ရေးဝန်ကြီး Ebrard တို့သည် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်အပြင် အခြားအရာရှိများနှင့်ပါ အင်္ဂါနေ့ကတွေ့ဆုံခဲ့ကြသည်။ထို့​အစည်း​ဝေးပြီးနောက် သမ္မတ​ကောဝန်ကြီးပါ ဝါရှင်တန်သို့ ​ရောက်ရှိ​နေကြခြင်းဖြစ်သည်။

ထိုသို့ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာခြင်းသည် မက္ကဆီကိုအတွက်သတင်းကောင်းတစ်ခုဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးက၎င်း၏ တွစ်တာစာမျက်နှာ၌‌ရေးသားထားသည်။

ယခုဆွေးနွေးပွဲများသည် မက္ကဆီကိုတွင်ဆိုင်းငံ့ထားသော အမေရိကန်စွမ်းအင်ကုမ္ပဏီများ၏ရင်းနှီးမြှုပ်နှံမှုများအပေါ် တိုးတက်မှုရှိလာနိုင်ကြောင်း မက္ကဆီကို တာဝန်ရှိသူများက ပြောကြားခဲ့သည်။

Lopez Obrador သည် နိုင်ငံပိုင်စွမ်းအင်ဈေးကွက်ကို ထိန်းချုပ်မှုတင်းကြပ်ထားသောကြောင့် မက္ကဆီကိုတွင် ဒေါ်လာဘီလီယံနှင့်ချီသော နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကုမ္ပဏီများ နှင့် အစိုးရအကြားအငြင်းပွားမှုများဖြစ်ပွားနေခဲ့သည်။

သို့သော်လည်း Lopez Obrador ကအင်္ဂါနေ့၌ ဘိုင်ဒင်အားပြောကြားရာတွင် မက္ကဆီကိုသည် စွမ်းအင်ထောက်ပံ့မှုလုံခြုံစေရန်နှင့် မြောက်အမေရိက၏ စီးပွားရေးပေါင်းစည်းမှုကိုမြှင့်တင်ရန်အတွက်အမေရိကန်နှင့်ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိကြောင်းပြောကြားခဲ့သည်။

Source – Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here