ဘရူနိုင်းဘုရင်၏ ၇၆ နှစ်မြောက်မွေးနေ့ပွဲသို့တက်ရောက်စဉ် ဂုဏ်ပြုဘွဲ့တံဆိပ်ကို ပါလက်ခံရရှိသွားမည် စင်္ကာပူ ဝန်ကြီးချုပ်

0
229

ဘရူနိုင်းဘုရင်၏ ၇၆ နှစ်မြောက်မွေးနေ့ပွဲသို့တက်ရောက်စဉ် ဂုဏ်ပြုဘွဲ့တံဆိပ်ကို ပါလက်ခံရရှိသွားမည် စင်္ကာပူ ဝန်ကြီးချုပ်

စင်္ကာပူ၊ ဇူလိုင် ၁၄ ရက်

စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်း နှင့် ဇနီးဖြစ်သူ ဟိုချင်းတို့သည် ဇူလိုင်လ ၁၄ ရက် မှ ၁၆ ရက်အထိ ကြာမြင့်မည့် ဘရူးနိုင်ငံခရီးစဉ်အတွင်း ၎င်းနိုင်ငံမှ ပေးအပ်မည့် ဂုဏ်ပြုဘွဲ့ကို လက်ခံရရှိသွားမည် ဖြစ်ကြောင်း သိရသည်။

မစ္စတာလီသည် ဘရူနိုင်းဘုရင် ဆူလ်တန် ဟာဂျီ ဟက်ဆာနယ် ဘိုခိုင်ယာ မူအီဇာဒင်း ဝါဒလာ၏ ၇၆ နှစ်မြောက် မွေးနေ့အခမ်းအနားသို့ တက်ရောက်ရန်နှင့် အလုပ်ကိစ္စအတွက်ပါ ဘရူနိုင်းသို့ သွားရောက်လည်ပတ်ခြင်းဖြစ်သည်။

အဆိုပါခရီးစဉ်အတွင်း ဝန်ကြီးချုပ်သည် ဘရူးနိုင်းမှချီးမြှင့်သည့် အလေးမြတ်ဆုံး မိသားစု ဂုဏ်ပြုဘွဲ့တံဆိပ်ကို လက်ခံရရှိသွားမည်ဖြစ်ကြောင်း စင်္ကာပူ ဝန်ကြီးချုပ်ရုံးက ဇူလိုင်လ ၁၄ ရက် ကြာဿပတေးနေ့တွင် ထုတ်ပြန်ထားသည်။

 

ယင်းဂုဏ်ပြုဘွဲ့တံဆိပ်ကို ယခင်လက်ခံရရှိသူများတွင် စင်္ကာပူတည်ထောင်သူ ဝန်ကြီးချုပ် လီကွမ်းယူနှင့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုတို့ ပါဝင်သည်။

မဒမ် ဟိုချင်းသည်လည်း ဘရူနိုင်း၏ ​လေးစားဖွယ် ကုသိုလ်ရှင် ဂုဏ်ပြုဘွဲ့တံဆိပ်ကို လက်ခံရရှိသွားမည် ဖြစ်သည်။

အဆိုပါ ဂုဏ်ပြုဘွဲ့ ချီးမြှင့်ခြင်း အခမ်းအနားကို သစ္စာ​ရောင်ဝါနန်းတော် ဟု အမည်ရသော ဘရူးနိုင်းဘုရင် နေထိုင်ရာ နန်းတော်တွင် ကျင်းပသွားမည်ဖြစ်သည်။

ထိုအခမ်းအနားသို့ တက်ရောက်ပြီးနောက်ပိုင်း ဘရူနိုင်းဘုရင်မှ မစ္စတာလီအား ဧည့်ခံတွေ့ဆုံသွားမည်ဖြစ်သည်။

ထို့နောက် မစ္စတာလီသည် ၎င်း၏လက်ကျန်ခရီးစဉ်အား ဘရူးနိုင်ငံမှ ဝန်ကြီးအသီးသီးနှင့် တွေ့ဆုံခြင်း၊ တမ်ဘူရွန်ဒေသရှိ စင်္ကာပူစစ်တပ်၏ လေ့ကျင်ရေးဌာနများကို သွားရောက်လည်ပတ်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here