တရုတ်၏ GDP တိုးတက်မှုသည် ဒုတိယသုံးလပတ်တွင် မျှော်မှန်းချက်များကိုမထိ

0
139

တရုတ်၏ GDP တိုးတက်မှုသည် ဒုတိယသုံးလပတ်တွင် မျှော်မှန်းချက်များကိုမထိ

​ဘေဂျင်း၊ဇူလိုင် ၁၅

တရုတ်နိုင်ငံသည် လွန်ခဲ့သည့်နှစ်ကထက် ဂျီဒီပီတိုးတက်မှုနှုန်း ၀.၄ ရာခိုင်နှုန်းသာ မြှင့်တင်နိုင်ခဲ့သည်။

 စီးပွားရေးတွင် ကိုဗစ် ထိန်းချုပ် ကန့်သတ်ချက်များ​ကြောင့် သက်ရောက်မှုကိုနည်းပါး​စေရန် ရုန်းကန်နေရသဖြင့် မျှော်လင့်ချက်များ ပျောက်ဆုံးနေသကဲ့သို့ဖြစ်​နေသည်။

ရိုက်တာမှ စစ်တမ်းကောက်ယူလေ့လာသုံးသပ်သူများသည် ဒုတိယသုံးလပတ်တွင် ၁% တိုးတက်မည်ဟု ခန့်မှန်းထားသည်။သို့သော်လည်း ဇွန်လတွင် လက်လီရောင်းချမှုသည် ယခင်နှစ်​လောက် တိုးတက်မှုမရှိသည့်အတွက် မျှော်မှန်းထားသလိုဖြစ်မလာဘဲ ကျဆင်းသွားခဲ့သည်။

 ၂၀၂၀ ခုနှစ်အစောပိုင်းတွင် ကပ်ရောဂါဖြစ်ပွားမှုမြင့်မားပြီးနောက်ပိုင်း ဒုတိယသုံးလပတ်တွင်၊ တရုတ်ပြည်မကြီးသည်၎င်း၏အဆိုးရွားဆုံးကိုဗစ် ဖြစ်ပွားမှုကို ရင်ဆိုင်ခဲ့ရသည်။ကိုဗစ်ကန့်သက်ချက်များ​ကြောင့် တရုတ်နှင့်အတူ ကုန်သွယ်မိတ်ဖက်နိုင်ငံကြီးများလည်း စီးပွား​ရေး ညွှန်းကိန်းများ ကျဆင်း​နေကြသည်။

တရုတ်နိုင်ငံ၏အကြီးဆုံးမြို့ကြီး ၃၁မြို့တွင် အလုပ်လက်မဲ့နှုန်းပိုများလာ​သည်။ကပ်ရောဂါမတိုင်ခင် အမြင့်ဆုံးနူန်းမှဇွန်လတွင် ၅.၈% သို့ ကျဆင်းသွားသည်။သို့သော်လည်း အသက် ၁၆ နှစ်မှ ၂၄နှစ်ကြား လုပ်သားများအတွက် အလုပ်ကိုင်အခွင့်လမ်းက​တော့ ၁၉.၃% အထိ မြင့်တက်လာခဲ့သည်။

Ref: CNBC


LEAVE A REPLY

Please enter your comment!
Please enter your name here