မရမ်းကုန်းမြို့နယ်တွင် ရပ်ကျေးအဖွဲ့ဝင်တစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ

0
154
မရမ်းကုန်းမြို့နယ်တွင် ရပ်ကျေးအဖွဲ့ဝင်တစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ
ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ်၊(၂)ရပ်ကွက်၏ ရပ်ကျေးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုလတ်(ခ)ဦးခင်မောင်လတ်သည် ဇူလိုင် ၁၅ ရက်(ယနေ့)နံနက်ပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။
(၂)ရပ်ကွက်၏ ရပ်ကျေးအဖွဲ့ဝင် ကိုလတ်(ခ)ဦးခင်မောင်လတ်သည် ရာအိမ်မှူးတစ်ဦးဖြစ်ကာ ဦးအောင်ပွင့်လမ်းနှင့်စွယ်စုံမီးပွိုင့်အနီး၌ လမ်း လျှောက်နေစဥ် အမည်မသိအမျိုးသားများက သေနတ်ဖြင့်ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ကိုလတ်(ခ)ဦးခင်မောင်လတ်၏ ဦးခေါင်း၊လည်ပင်းနှင့်ရင်ဘတ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ကြားရသလောက်ဆိုရင် ဗုံးထောင်မယ်ဆိုတဲ့သတင်းကြားလို့ စောင့်ကြည့်နေတုန်းပစ်ခံရတာလို့ကြားတယ် ဆေးရုံကားနဲ့တင်သွားတယ်”ဟု ရပ်ကွက်နေသူတစ်ဦးကပြောသည်။
အခင်းဖြစ်ပွားပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များမှ ရပ်ကွက်အတွင်းလှည့်လည်စစ်ဆေးမှုများပြု လုပ်ခဲ့ကြကြောင်း သိရသည်။
Photo-CJ

LEAVE A REPLY

Please enter your comment!
Please enter your name here