ရုရှနိုင်ငံ Polytechnic State university က မြန်မာနှင့် သိပ္ပံနှင့် နည်းပညာတွင် ပူးပေါင်းဆောင်ရွက်မည်

0
195

ရုရှနိုင်ငံ Polytechnic State university က မြန်မာနှင့် သိပ္ပံနှင့် နည်းပညာတွင် ပူးပေါင်းဆောင်ရွက်မည်

ရုရှနိုင်ငံ ၊ စိန်ပီတာစဘက် မြို့ရှိ Polytechnic State university က မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရာတွင် သိပ္ပံနှင့် နည်းပညာတွင် ပူးပေါင်းဆောင်ရွက်မည်ဟု သိရသည်။

ဇူလိုင်လ (၁၄) ရက် နံနက်ပိုင်းက စိန့်ပီတာစဘတ်မြို့ရှိ Polytechnic State university သို့ သွားရောက်လည်ပတ်စဉ် တက္ကသိုလ် ပါမောက္ခချုပ် က နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပြောကြားခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

ထို့အပြင် နစက ဥက္ကဋ္ဌနှင့်တွေ့ဆုံစဉ် Polytechnic State university ပါမောက္ခချုပ်က ရန်ကုန်နှင့် မန္တလေးမြို့ရှိ နည်းပညာတက္ကသိုလ်များနှင့်ပါ ပူးပေါင်း ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း Polytechnic State university သို့ မြန်မာနိုင်ငံမှ ပညာသင်စေလွှတ်မည့်အခြေအနေနှင့် ပတ်သက်၍ ပါမောက္ခချုပ်ကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

Polytechnic State university သည် ၁၈၉၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် နည်းပညာ တက္ကသိုလ်တစ်ခုဖြစ်ပြီး ရူပပေဒဌာနခွဲ၊အင်ဂျင်နီယာဌာနခွဲ၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဌာနခွဲ ဟူ၍ ဌာနခွဲ (၃) ခုရှိကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်တွင် အမေရိကန်၊ ဗြိတိန်၊ ဂျမနီ၊ ဖင်လန်၊ ဆွီဒင်နှင့် အခြား CIS နိုင်ငံများမှ ကျောင်းသား ကျောင်းသူ ၃၀၀၀၀ ကျော် တက်ရောက်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here