မန္တလေးတွင် ကမ္ဘောဇဘဏ်ခွဲ တစ်ခု ဓားပြတိုက်ခံရကာ ငွေကျပ် သိန်း ၂၀၀၀ ဝန်းကျင်ပါသွား

0
74

မန္တလေးတွင် ကမ္ဘောဇဘဏ်ခွဲ တစ်ခု ဓားပြတိုက်ခံရကာ ငွေကျပ် သိန်း ၂၀၀၀ ဝန်းကျင်ပါသွား

မန္တလေးတိုင်း ဒေသကြီး ၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ကမ္ဘောဇဘဏ်ခွဲတစ်ခုတွင် ယနေ့ ဇူလိုင်လ (၁၅) ရက်နေ့လယ်ပိုင်းက ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး ငွေကျပ် သိန်း ၂၀၀၀ ဝန်းကျင် ပါသွားကြောင်း သိရသည်။


ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က မန္လေးတိုင်းဒေသကြီးပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်၊ (၁၃၃)လမ်း နှင့် (၁၃၄)လမ်းကြား၊ (၇၈)လမ်းရှိ ကမ္ဘောဇ စက်မှုပန်းခြံဘဏ်ခွဲ (အမှတ်(၄၂)ဘဏ်ခွဲ)အား  ဆိုင်ကယ်စီးလာသူနှစ်ဦးမှ သေနတ်ဖြင့်ချိန်ကာ ဓါးပြတိုက်ခဲ့ကြောင်း သိရသည်။


ဓါးပြတိုက်သူများသည် ဘဏ်ကောင်တာအတွင်းမှ ငွေကျပ် သိန်း ၁၈၀၀ ကျော် ပါးသွားပြီး ကွန်ပြူတာ (၂) လုံးကိုပါ ပုဆိန်ဖြင့် ထု၍ ဖျက်ဆီးသွားကြောင်း သိရသည်။ 


ထို့အပြင် ဓါးပြတိုက်သူများသည် လုံးပတ် (၄) လက်မခန့်နှင့် အရှည် (၁) ပေခန့်ရှိသည့် ပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်း(၁)လုံးကို ကောင်တာပေါ်တွင် တင်ထားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ လက်လုပ်မိုင်းအား သက်ဆိုင်ရာက တာဝန်ယူရှင်းလင်းခဲ့ပြီး ဓါးပြတိုက်မှု ကျူးလွန်သူများကို ဖမ်းဆီး ရမိရေး ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here